Connect with us

Hi, what are you looking for?

သတင်း

PDFစစ်​ဆေး​ရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီးစစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ ပူး​ပေါင်းစစ်​ကြောင်းမှ​သေဆုံးသူအချို့ ၏ယူနီ​ဖောင်း။ ဓါတ်ပုံ-The 74 media)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ ပူး​ပေါင်းစစ်​ကြောင်းမှ​သေဆုံးသူအချို့ ၏ယူနီ​ဖောင်း။ ဓါတ်ပုံ-The 74 media)

▪︎စစ်​ရေးတင်းမာ​နေပြီး PDF နှင့် စစ်တပ်/ရှမ်းနီတပ် တပ်ဆိုင်ထား

စစ်ကိုင်းတိုင်းဟုမ္မလင်း-ဖောင်ပြင်လမ်းမှPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့က စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ​ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ဆယ်ဦးသေဆုံးသွား​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဟုမ္မလင်း-ဖောင်ပြင်လမ်းပိုင်းရှိ နတ်နန်းကျေးရွာမှPDF စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)က ဇန်နဝါရီ ၅ရက်မှစတင်၍ စစ်ကြောင်းထိုးလာ​သောကြောင့်ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး ဖရိုဖရဲထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“နတ်နန်းဂိတ်ကိုလာသိမ်းတာ။ကျွန်တော်တို့က၁၅မိနစ်လောက်သတင်းကြိုရတော့ ရှောင်ပေးလိုက်တယ်။ ပြီးမှ ပြန်ချတာ။ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးကျပြီး အုပ်ချုပ်မှုဖရိုဖရဲဖြစ်သွားပြီး ပြန်ပြေးတယ်။လက်ရှိ နတ်နန်းဂိတ်ကို ကျွန်တော်တို့ ရထားတယ်” ဟုခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယခုတစ်ကြိမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် ရှမ်းနီတပ်ဖွဲ့မှ ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်​ကြောင်းသိရသည်။ယခုအခါစစ်ကောင်စီတပ်၊ရှမ်းနီပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် မီတာ သုံးရာခန့်အကွာတွင် တပ်ဆိုင်ထားသည့်အနေအထားဟု ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

နတ်နန်းဂိတ်ကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး တပ်ထိုင်ထားခြင်းဖြစ်သည်။ထိုဂိတ်ကို ပြန်သိမ်းရန် စစ်ကောင်စီတပ်က ထပ်မံ ကြိုးစားစဥ် အထနာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။