Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းရွှေဈေး ၂၈ သိန်းခန့်အထိ ပြန်တက်လာ

စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်းကျော်သာ ဈေးဖွင့်ထားသည်။

ပြည်တွင်းရွှေဈေး ၂၈ သိန်းခန့်အထိ ပြန်တက်လာ
ပြည်တွင်းရွှေဈေး ၂၈ သိန်းခန့်အထိ ပြန်တက်လာ

ပြည်တွင်းရွှေဈေးအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခန့်သို့ ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက​ပြောသည်။

​ပြင်ပ​ရွှေပေါက်ဈေးမှာ ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၆၈၀,၀၀၀ရှိရာမှ ၂၀၂၃ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားကျပ် ၂,၇၈၅,၀၀၀ အထိတဖြေးဖြေးတက်လာခြင်းဖြစ်သည်။

ထိုသို့​​ဈေးပြန်တက်လာခြင်းမှာကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၂၂ဒီဇင်ဘာ ၃၁ ရက်​နေ့တွင် ရွှေတစ်အောင်စလျှင် ၁၇၆၂ ဒေါ်လာရှိခဲ့ရာမှ ၂၀၂၃ ဇန်နဝါရီ ၁၀ ရက်တွင် တစ်အောင်စ ဒေါ်လာ ၁၈၇၂ အထိမြင့်တက်လာခြင်း​ကြောင့်ဖြစ်သည်ဟု ​​ရွှေလုပ်ငန်းရှင်အချို့က​ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်းကျော်သာ ဈေးဖွင့်ထားသည်။

Public Service Announcement

Public Service Announcement

“ကမ္ဘာ့ဈေးနှုန်းကြောင့် ဈေးတက်လာတဲ့သဘောပဲ။ စစ်ကောင်စီက တင်းကျပ်ထားပေ့မယ့် ဈေးက တဖြေးဖြေးတက်နေတာ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ရွှေဈေးမြင့်တက်ခြင်းကို ထိန်းချုပ်ထားပြီး ရွှေဈေးနှုန်းမြင့်တင်ရောင်းချသည့် ရွှေလုပ်ငန်းရှင်များကိုမတရားဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းထားခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ၂၀၂၂ စက်တင်ဘာ ၃၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင်​ဈေးအများဆုံးကျပ် ၃၂ သိန်းအထိ​မြှင့်တက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။