Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့ရှိ နန်းဖဲ – ဘောလခဲနှင့် ထူးချောင်းလမ်းပိုင်းအား သွားလာခွင့်ပိတ်ပင်

လမ်းပိုင်းများပိတ်ပင်ခြင်းမှာ ယနေ့(ဇန်နဝါရီ ၁၂ ရက်)ကစ၍ အကျူံးဝင်ပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ပင်ကြောင်း ဖော်ပြသည်။

(ယမန်နှစ်က ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း(၁၆)နှင့် ကရင်နီတပ်မတော်(KA)က ပူးပေါင်း တိုက်ခိုက်ပြီးနောက်တွေ့ရစဉ်၊)
(ယမန်နှစ်က ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း(၁၆)နှင့် ကရင်နီတပ်မတော်(KA)က ပူးပေါင်း တိုက်ခိုက်ပြီးနောက်တွေ့ရစဉ်၊)

စစ်ရေးအခြေအနေကြောင့် ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြို့ရှိ နန်းဖဲ – ဘောလခဲနှင့် ထူးချောင်းလမ်းကို ဝင်ထွက်သွားလာခွင့်ပိတ်ပင် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)တပ်ရင်း – ၁၆က ထုတ်ပြန်အသိပေး သည်။

လမ်းပိုင်းများပိတ်ပင်ခြင်းမှာ ယနေ့(ဇန်နဝါရီ ၁၂ ရက်)ကစ၍ အကျူံးဝင်ပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ပင်ကြောင်း ဖော်ပြသည်။

“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စကစက ဖရူဆို ထဲမှာ စစ်ကြောင်းထိုးနေတာ။ပြီးတော့ ဒီးမော့ဆို ဖရူဆို လမ်းမကြီးကိုလည်းပြန်ရဖို့ သူတို့ အင်အားဖြည့်နေတာရှိတယ်”ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ် ပြတ်ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းနေသည့်အခြေအနေများကို နားလည် ပေးရန်လည်း မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီဒေသတွင်စစ်ရေးအရ လွိုင်​ကော် -စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီးသွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ပင်ထားဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ထားလဲ -နန်းဖဲလမ်းပိုင်မှာ စစ်ကြောင်းထိုးလုံခြုံရေးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ မတ်လ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။