Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမှာ စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

(စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို ၂၀၂၃ မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-KNDF)

ဩဂုတ်-၅၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

ဖရူဆိုမြို့အနောက်ခြမ်း ဒေါကူလယ်ကျေးရွာကို မနေ့က(ဩဂုတ် ၄ ရက်) ညပိုင်းမှာ စစ်တပ်က ဒရုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“၆၀ မမ ဗုံးသီးတွေ။ပထမတစ်လုံးက ငါးဦးသေတယ်။ဒုတိယတစ်လုံးက သုံးဦး ဒဏ်ရာရတယ်။နေအိမ်နှစ်လုံးပျက်စီးသွားတယ်”လို့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သူတွေဟာ မိသားစု၀င်တွေ ဖြစ်ပြီး ခြောက်လသားအရွယ် မိန်းကလေး၊ (၄၉) နှစ် အရွယ် အမျိုး သမီး၊ အသက် (၂၅ ၊ ၄၀)နဲ့ (၆၄) နှစ် အရွယ် အမျိုးသားတွေလို့ အသိပေးပါတယ်။

အခု ဩဂုတ်အတွင်း ဖရူဆို ၊ ဒီးမော့ဆို နဲ့ မိုးဗြဲ ဒေသတွေမှာ စစ်တပ်က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ မကြာခဏ ဖြစ်နေတယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) – CTER က မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်စားသောက်မှုများကို အနှောင့်အယှက်ဖြစ်စေပြီး အစုလိုက်၊ အပြုံလိုက် စစ်ဘေးရှောင်ရမှုတွေ ပိုမိုကျယ်ပြန့်လာနေတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဗျူဟာမြောက်တဲ့ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းတွေက ကျေးလက်ဒေသခံတွေကို ခြုံခိုတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေတယ်လို့ CTER က အသိပေးပါတယ်။

ဇူလိုင် ၂၁ ရက်က ဖရူဆိုမြို့နယ်မှာ နွားကျောင်းနေတဲ့ စစ်ဘေးရှောင် အရပ်သား ၂ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့လို့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ သုံးသိန်း၀န်းကျင်ရှိပြီး ၇၀၀ ကျော် သေဆုံးထားပါတယ်။

စစ်ရေးအရအရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီး စိုးမိုးရေးနဲ့ ပိတ်မိနေတဲ့ ဖရူဆိုမြို့စောင့်တပ်တွေ စစ်ရေးလှုပ်ရှားနိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့အမှတ် (၁၄) တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ အမှတ်(၅၃၁) ခြေမြန်တပ်ရင်း (ခမရ−၅၃၁) နဲ့ (ခမရ−၄၂၈) တပ်ရင်းတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။