Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်ရှိ ကလေးငယ်များ၏ ကျောင်းသုံးစာအုပ်များကို ရေထဲပစ်ချဖျက်ဆီး

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။

(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ - CJ)
(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မန်ကျည်းစောက်ကျေးရွာရှိအခြေခံပညာကျောင်းသူ၊ကျောင်းသား ကလေးငယ်များ၏ ကျောင်းသုံးစာအုပ်များကို​ရေထဲပစ်ချဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် ကျေးရွာရှိ အခြေခံပညာကျောင်းသားကျောင်းသူ ကလေးငယ်များ၏ ကျောင်းသုံး စာအုပ်များကို မူးဘောင်မှတဆင့် ရေထဲသို့ ပစ်ချသွားခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“မူးဘောင်မြောင်းထဲကိုပစ်ချသွားတာ။ကလေးတွေရဲ့စာအုပ်တွေရာချီတယ်။ တော်တော့်ကိုအသိတရားမဲ့တဲ့ စစ်​ေ-(စစ်​ကောင်စီတပ်သား)​တွေ” ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်း ရွာမှထွက်သွားပြီးမှ မူးဘောင်မြောင်းထဲမှ စာအုပ်များကို ဒေသခံများက လိုက်လံဆယ်ယူခဲ့ကြသည်။ အဆိုပါ ကျောင်းသည် အမျိုးသားညီညွတ်​ရေး အစိုးရ၏အစီအမံဖြင့်ဖွင့်လှစ်ထား​သောကိုယ်ထူကိုယ်ထကျောင်းဖြစ်သည်။ ကျောင်းသုံစာအုပ်များအား ဖျက်ဆီးသွားသည့်လုပ်ရပ်အ​ပေါ် ဒေသခံများက ​ဒေါသထွက်ပြီးပြစ်တင်ရှုတ်ချ​နေကြသည်။

(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ - CJ)
(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ – CJ)

“အာဏာလု အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာကို ဆက်တိုက်ကျူးလွန်နေမှုအား အာဆီယံအပါအဝင် နိုင်ငံတကာသည် ထိရောက်သော အရေးယူမှုမျိုးအစား လေဖြင့် ကန့်ကွက်ရှုတ်ချခြင်းသာ ပြုလုပ်နေမှုအားကျုပ်တို့ ပြည်သူများမှ အလွန်အင်မတန်မှ စိတ်ပျက်မိသလို နိုင်ငံတကာရဲ့ ဥပဒေဆိုသည်ကို မေးခွန်းထုတ်လိုပါတယ်”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက ထုတ်ပြန်ထားသည်။

“အနာဂတ်ပညာရေးဖျက်ဆီးနေသောအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်”ဟုဒီပဲယင်းမြို့နယ်ညီနောင်များက သုံးနှုန်းထားသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ ၁၆ရက်ကလည်းလက်ယက်ကုန်းကျေးရွာရှိကျေးရွာစာသင်ကျောင်းကို လေကြောင်းကပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်း (၁၂)ဦးသေဆုံးခဲ့ပြီး ၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ၉ ရက်အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာချီ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဆပ်ပြာကျင်းကျေးရွာနေအသက် (၈၄)နှစ်အရွယ် အဘိုးတစ်ဦး၊ အင်တိုင်းလေးကျေးရွာနေ အသက်(၈၅)နှစ်အရွယ် အဘိုးအိုတစ်ဦးတို့ မီးလောင်သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။

“ဒီနေ့လည်း လက်နက်ကြီးနှစ်ချက်ရမ်းပစ်တယ်။ မဲသည်ရွာဘက်ကျတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၈၁၉ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

-ဇန်နဝါရီ ၁၃ ရက် ည​နေ ၅ နာရီတွင်သတင်းကိုထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်