Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် ဆိုင်ကယ်နှစ်ယောက်စီး၍ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ သားဖြစ်သူအပါအဝင် နှစ်ဦး ပစ်သတ်ဖြတ်ခံရ

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီး လူနှစ်ယောက်မစီးရန်နှင့် ညနေ ၆နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရအမိန့်ကို အဓမ္မ ထုတ်ပြန်ထားသည်။

ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

ရေစကြိုတွင်လည်း ထန်းမြစ်တူးသူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ဆိုင်ကယ်နှစ်ယောက်စီး၍ဆိုကာ အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသူတစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ​သားဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ပခုက္ကူစက်မှုဇုံနှင့် မြို့သစ်ကြား ကာနီပယ် KTV အနီးတွင် နှစ်ယောက်စီးလာသော ဆိုင်ကယ်တစ်စီးအား စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ခဲ့ကြောင်း ၊ နှစ်ဦးလုံး နေရာ၌ ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ သားဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“သေတဲ့ နှစ်ယောက်မှာတစ်ယောက်က စစ်သားသားပါ။ ဖအေက တိုက်ပွဲကျသွားတာကြာပါပြီ။သားကမနေ့က ပစ်သတ်ခံရတာပါ။ နှစ်ယောက်ပေါင်း ၁၂ချက်ပစ်ထားတာပါ။ နှစ်ယောက်လုံးရဲ့ဖုန်း၊ဆိုင်ကယ်ကို ရဲတွေ သိမ်းပါတယ်။ပြန်မပေးပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ကပင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ရာသီချိန် ထန်းမြစ်တူးသူတစ်ဦးကိုလည်း ဗုံးထောင်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်း၊ အဆိုပါ အလောင်း သုံးလောင်းအား ပခုက္ကူဆေးရုံကြီးရင်ခွဲရုံ၌ ​ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က သေဆုံးသူများအား PDFဟု လိမ်လည်သတင်းထုတ်ရန် ပြင်ဆင်နေပြီး မိသားစုဝင်များကိုပါ ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီး လူနှစ်ယောက်မစီးရန်နှင့် ညနေ ၆နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရအမိန့်ကို အဓမ္မ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။