Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် ငုံးဥပြုတ်သည် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး သတ်ဖြတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခံရ

ကလေးငယ်၏ ရုပ်အလောင်းအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသည်ဟု ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွှေဘိုတွင် ငုံးဥပြုတ်သည် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး သတ်ဖြတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခံရ
ရွှေဘိုတွင် ငုံးဥပြုတ်သည် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး သတ်ဖြတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခံရ

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည်ဟု ဒေသခံများပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည်ဟု ယူဆရသည့် ငုံးဥပြုတ်သည် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာများဖြင့် လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုမြို့၊ ပန်းခြံတောင်ဘက်ရှိ လမ်းဘေးတွင် ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ် ထိုင်ရောင်းလေ့ရှိသည့် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ယမန်နေ့ (ဇန်နဝါရီ ၁၂ရက်)ညပိုင်းက ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယနေ့တွင် မြို့ရှောင်လမ်းဘေး လယ်ကွင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသောရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ဆိုင်သိမ်းချိန် ပြန်လာနေကျအချိန် ၇နာရီခန့် ပြန်ရောက်မလာမှ ပျောက်မှန်းသိရကြောင်း ပြောပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကလေးငယ်၏ ရုပ်အလောင်းအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသည်ဟု ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဥပဒေမဲ့ သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့