Connect with us

Hi, what are you looking for?

သတင်း

သိန္နီခရိုင်တွင် MNDAAနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

MNDAAနှင့် စစ်ကောင်စီတပ်သည် ရှမ်းမြောက် သိန္နီ၊ လားရှိုး၊ မုံးကိုးနှင့် ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများမကြာခဏဖြစ်ခဲ့သည်။

(MNDAA တပ်မဟာ (၂၁၁)မှတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Kokant)
(MNDAA တပ်မဟာ (၂၁၁)မှတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Kokant)

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းMNDAAကထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်စကခတပ်မဟာ (၁၆) တပ်ရင်း ၅၆၈ နှင့်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၂၁၁) တပ်ဖွဲ့တို့ပထမ အထူးဇုံသိန်နီခရိုင်အကြားတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကို မသိရသေးဘဲ MNDAA တပ်မှ ရဲဘော် တစ်ဦး ကျဆုံးကာ ၄ဦးဒဏ်ရာရခဲ့ကြာင်း အသိပေးထားသည်။

MNDAAနှင့် စစ်ကောင်စီတပ်သည် ရှမ်းမြောက် သိန္နီ၊ လားရှိုး၊ မုံးကိုးနှင့် ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများမကြာခဏဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။