Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်ကအကျဉ်းသူ အကျဉ်းသားတွေကို ၂ ရက်ဆက်တိုက် ထောင်ပြောင်းရွှေ့နေ

စစ်ကောင်စီ ရဲ့ ပြည်ထဲရေးဝန်ကြီး အင်းစိန်ထောင်ကို ဇန်နဝါရီလ ၁၂ ရက်ကလာရောက်ပြီးတဲ့နောက် အခုလို ၂ ရက်ဆက်တိုက် ထောင်ပြောင်းတာတွေရှိလာတာပါ။

အင်းစိန်ထောင်ကအကျဉ်းသူ အကျဉ်းသားတွေကို ၂ ရက်ဆက်တိုက် ထောင်ပြောင်းရွှေ့နေ
အင်းစိန်ထောင်ကအကျဉ်းသူ အကျဉ်းသားတွေကို ၂ ရက်ဆက်တိုက် ထောင်ပြောင်းရွှေ့နေ

အင်းစိန်ထောင်ကအကျဉ်းသူ၊ အကျဉ်းသားတွေကို နယ်ထောင်တွေဆီ ၂ ရက်ဆက်တိုက် ထောင်ပြောင်းတာတွေကို စစ်ကောင်စီက ပြုလုပ်နေပါတယ်။

မနေ့က ကား ၈ စီးနဲ့ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ ထောင်ပြောင်းတာရှိခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း သာယာဝတီထောင်ဆီ ထပ်မံပြောင်းခံရသူတွေရှိနေတာလို့ အကျဉ်းဦးစီးဌာနက သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။

ဒီနေ့မနက်ပိုင်း ပြောင်းခံရသူအရေအတွက်ကိုအတိအကျမသိရသေးပေမယ့် နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းခံရပြီး ထောင်ချခံထားရသူတွေပါတယ်လို့ စုံစမ်းသိရပါတယ်။

ဒီနေ့မနက်ပိုင်း သာယာဝတီထောင်ဆီ ပြောင်းခံရသူတွေထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေပါ ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ရဲ့ ပြည်ထဲရေးဝန်ကြီး အင်းစိန်ထောင်ကို ဇန်နဝါရီလ ၁၂ ရက်ကလာရောက်ပြီးတဲ့နောက် အခုလို ၂ ရက်ဆက်တိုက် ထောင်ပြောင်းတာတွေရှိလာတာပါ။

ဒါအပြင် PDF ၊ NUG နဲ့ ဆက်စပ်ပြီး ဖမ်းခံရသူတွေကို လွတ်ငြိမ်းတွေမှာ ထည့်မလွှတ်ဖို့အတွက်လည်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့အကျဉ်းဦးစီးအသိုင်းအဝိုင်းကနေ ပြောပြလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

Facebook