Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာရှိ စစ်အုပ်စုအား ဒေသတွင်း PDFများတိုက်ခိုက်

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂နာရီခန့်ကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများအား ဒေသကာကွယ် ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးသည်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာရှိ စစ်အုပ်စုအား ဒေသတွင်း PDFများတိုက်ခိုက်
စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာရှိ စစ်အုပ်စုအား ဒေသတွင်း PDFများတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ကြွယ်ပုံကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများအား သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များကြောင်း စစ်ကိုင်းခရိုင် အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ ရက်က ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူ ၈ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် (၁)တပ်ရင်း၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်းဆက်သွယ်​၍ မရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူများသည် အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ ရွှေငွေလက်ဝတ်ရတနာများ၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအား သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း၊ ထို့အပြင် ရဟန်းသံဃာများကိုပင် သတ်ဖြတ်လာကြောင်းစစ်ကိုင်းခရိုင်အမှတ် (၁)တပ်ရင်းက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များဖြစ်သော စစ်ကိုင်းခရိုင် အမှတ်၅ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်း၊ Dalta Force တောင်သာ၊ BRM(Mandalay)၊ Generation Z Power (GZP Mandalay)၊ ဒီမိုပေါက်ကွဲအဖွဲ့(စစ်ကိုင်း)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂နာရီခန့်ကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများအား ဒေသကာကွယ် ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးသည်။

ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီတပ်နှင့် ကြွယ်ပုံရွာမှ ပျူများသည် စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အိမ်ခြေ ၇၀ခန့်ပြာကျခဲ့ကာ ဆရာတော်တစ်ပါးနှင့် ပြည်သူ သုံးဦးအား သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။