Connect with us

Hi, what are you looking for?

သတင်း

လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင်သုံးဦး ဒဏ်ရာရ

“အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ အခုထိ လွိုင်ကော်ဆေးရုံမှာပဲ။အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

(ယမန်နေ့က စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လွိုင်လင်လေးမြို့မှပြည်သူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်နေစဥ်၊ဓာတ်ပုံ - ရွှေလွိုင်ကော် ပရဟိတ အသင်း)
(ယမန်နေ့က စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လွိုင်လင်လေးမြို့မှပြည်သူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်နေစဥ်၊ဓာတ်ပုံ - ရွှေလွိုင်ကော် ပရဟိတ အသင်း)

ကရင်နီ(ကယား)ပြည်နယ် လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားမိသားစုဝင် သုံးဦး ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့နှင့် ဆက်စပ်ရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နေ့လည် ၃ နာရီခန့်က လွိုင်လင်လေးမြို့တွင် လက်နက်ကြီးကျရောက်ခဲ့ပြီး မိသားစုဝင်သုံးဦး ထိမှန်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ အခုထိ လွိုင်ကော်ဆေးရုံမှာပဲ။အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

လက်နက်ကြီးထိမှန်သော အရပ်သားသုံးဦးမှာဦးကျော်ဝင်း ညာဖက်လက်မောင်းပွင့်ထွက်၊ဘယ်ဖက်ခြေချောင်း(၂)ချောင်းပြတ်ဒဏ်ရာရခဲ့ကာ မသန်းသန်းစိုးမှာ ညာဖက် လက်မောင်းယမ်းစထိမှန်ဒဏ်ရာနှင့် ဒေါ်မေဇင်ညွန့်မှာ ညာဖက်လက်မောင်းယမ်းစထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက လွိုင်ကော်မြို့မီးသတ်ကုန်းလမ်း၌ စစ်ကောင်စီ၏ လက် နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ တစ်ဦးထိခိုက်သေဆုံးခဲ့ရကာ ယခုလဝက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

Facebook