Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် ၄ ဦး ဖမ်းခံရ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက NLD ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သားဖြစ်သူအပါအဝင် အမျိုးသား ၄ဦးကို ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ NLD အသိုင်းအဝိုင်းကနေသိရပါတယ်။

ဖမ်းခံရတဲ့ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရသူ ဦးဝင်းမြင့်ခိုင်ဖြစ်ပြီး သူနဲ့အတူ သားဖြစ်သူ ၊တူတော်စပ်သူနဲ့ မိတ်ဆွေ တို့ ဟာ ညပိုင်း ၁၀ နာရီမထိုးခင် နေအိမ်မှာ ဖမ်းခံလိုက်ရတာပါ။

လတ်တလောမှာစစ်ကြောရေးရောက်နေတယ်လို့သိရပါတယ်။

ညောင်ဦးမြို့နယ်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း NLD ပါတီဝင်တွေ ဖမ်းဆီးခံရ ၊သတ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။