မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက NLD ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သားဖြစ်သူအပါအဝင် အမျိုးသား ၄ဦးကို ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ NLD အသိုင်းအဝိုင်းကနေသိရပါတယ်။
ဖမ်းခံရတဲ့ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရသူ ဦးဝင်းမြင့်ခိုင်ဖြစ်ပြီး သူနဲ့အတူ သားဖြစ်သူ ၊တူတော်စပ်သူနဲ့ မိတ်ဆွေ တို့ ဟာ ညပိုင်း ၁၀ နာရီမထိုးခင် နေအိမ်မှာ ဖမ်းခံလိုက်ရတာပါ။
လတ်တလောမှာစစ်ကြောရေးရောက်နေတယ်လို့သိရပါတယ်။
ညောင်ဦးမြို့နယ်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း NLD ပါတီဝင်တွေ ဖမ်းဆီးခံရ ၊သတ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
