Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတွင် ထီးတင်ပွဲကင်းလာစောင့်သည့်စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

“စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။”ဟု Wetlet Information Network အဖွဲ့က ပြောသည်။

(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)
(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်တွင် ဘုရားထီးတင်ရန် ကင်းလာစောင့်သည့် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်) နံနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ဘေး ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၅လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ တစ်ဦးလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)
(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Wetlet Information Network)

ထို့အပြင် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် ၂ ဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။”ဟု Wetlet Information Network အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)
(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Wetlet Information Network)

“ထုံးဘိုတင်မကဘူး။ အဲဒီဘက်မြစ်ကမ်းတလျှောက် ရွာတွေပြေးနေရပြီ။”ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ကပင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာတစ်ရွာဖြစ်သည့် ဂျပန်ကျွန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်ငါးဆယ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။