Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ် တရော်တောရွာ မီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။

ရွှေဘိုနယ် တရော်တောရွာ မီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
ရွှေဘိုနယ် တရော်တောရွာ မီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တရော်တောကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ Shwebo PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၁၇ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့နယ်၊ တရော်တောကျေးရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်ပျူများအား တာဝေးပစ် လက်နက်ကြီးများဖြင့်(၂၄)ချက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းဆဲဖြစ်ကြောင်း နေလစင်္ကြာ Shwebo PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တရော်တောကျေးရွာကို ရွှေဘိုမြို့နယ် ကော့ရွာရှိအင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ် ငါးလုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေရွာထဲမနေတာ ၇လ၈လလောက်ရှိပါပြီ။ တောတွေထဲမှာနေနေရတာပါ။ ပျူရွာနဲ့အရမ်းကပ်တော့ ရွာထဲမနေရဲကြဘူး”ဟု နေလစင်္ကြာ Shwebo PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ​နေလစင်္ကြာ Shwebo PDFနှင့် Ghost Rider Special Task Force (Burma) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် မြှင့်တင်လာ၍ တာဝေးပစ်လက်နက်များ ထုတ်လုပ်နိုင်ရန်အတွက် ပါဝင်အားဖြည့်ပေးရန် နေလစင်္ကြာ Shwebo PDF အဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကောင်းစီ စစ်ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်တွင် ရွှေဘိုမြို့နယ်ဲ အုံးပေါက်ကျေးရွာ၌ ရှိနေစဥ် နေလစင်္ကြာ Shwebo PDF အဖွဲ့နှင့် Who Am I အဖွဲ့တို့က တာဝေးပစ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့သည်။

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကလည်းရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား နှစ် စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။