Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ် တရော်တောရွာ မီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။

ရွှေဘိုနယ် တရော်တောရွာ မီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
ရွှေဘိုနယ် တရော်တောရွာ မီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တရော်တောကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ Shwebo PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၁၇ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့နယ်၊ တရော်တောကျေးရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်ပျူများအား တာဝေးပစ် လက်နက်ကြီးများဖြင့်(၂၄)ချက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းဆဲဖြစ်ကြောင်း နေလစင်္ကြာ Shwebo PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တရော်တောကျေးရွာကို ရွှေဘိုမြို့နယ် ကော့ရွာရှိအင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ် ငါးလုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေရွာထဲမနေတာ ၇လ၈လလောက်ရှိပါပြီ။ တောတွေထဲမှာနေနေရတာပါ။ ပျူရွာနဲ့အရမ်းကပ်တော့ ရွာထဲမနေရဲကြဘူး”ဟု နေလစင်္ကြာ Shwebo PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ​နေလစင်္ကြာ Shwebo PDFနှင့် Ghost Rider Special Task Force (Burma) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် မြှင့်တင်လာ၍ တာဝေးပစ်လက်နက်များ ထုတ်လုပ်နိုင်ရန်အတွက် ပါဝင်အားဖြည့်ပေးရန် နေလစင်္ကြာ Shwebo PDF အဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကောင်းစီ စစ်ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်တွင် ရွှေဘိုမြို့နယ်ဲ အုံးပေါက်ကျေးရွာ၌ ရှိနေစဥ် နေလစင်္ကြာ Shwebo PDF အဖွဲ့နှင့် Who Am I အဖွဲ့တို့က တာဝေးပစ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့သည်။

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကလည်းရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား နှစ် စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။