Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် ကျေးရွာမီးရှို့ပြန်လာသ​ည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

မိုင်းပွိုင့် သုံးခုအနက် ပွိုင့်(၂)နှင့် ပွိုင့်(၃) စတင်ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းကွင်းအတွင်း ရောက်နေသောစစ်ကားနှစ်စီးမှာ လမ်းအောက်သို့လွင့်စင်ကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောစကားကို ကိုးကား၍ မြစ်ငယ်PDFက ထုတ်ပြန်သည်။

(မန္တလေးတိုင်း၊ ငါန်းဇွန်မြို့အဝင်တစ်နေရာကို တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(မန္တလေးတိုင်း၊ ငါန်းဇွန်မြို့အဝင်တစ်နေရာကို တွေ့ရစဉ်။ဓာတ်ပုံ - CJ)

စစ်အုပ်စု ထိခိုက်သေဆုံးမှုများဟုဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ကျွန်းပေါ်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းအား နေရာ သုံးခုခွဲ မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀နာရီခွဲခန့်က ငါးဇွန်မြို့နယ်၊ ဂျပန်ကျွန်း၌ ဒေသခံပြည်သူများ၏ ပစ္စည်းများ၊ နွားများအား အဓမ္မယူဆောင်၍ နေအိမ်များအား မီးရှို့ဖျတ်ဆီးပြီး ကားသုံးစီး၊ ဆိုင်ကယ် ၁၀စီးဖြင့် သယ်ဆောင်ပြန်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ ယာဥ်တန်းအား သားကျင်ရွာနှင့် နတ်ကြီးကျေးရွာကြားတွင် ပဒေသာမိုင်းပွိုင့် သုံးပွိုင့်​ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

မိုင်းပွိုင့် သုံးခုအနက် ပွိုင့်(၂)နှင့် ပွိုင့်(၃) စတင်ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းကွင်းအတွင်း ရောက်နေသောစစ်ကားနှစ်စီးမှာ လမ်းအောက်သို့လွင့်စင်ကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောစကားကို ကိုးကား၍ မြစ်ငယ်PDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ပွိုင့် (၂)နှင့် ပွိုင့် (၃)ဖောက်ခွဲပြီးသည့်နောက်တွင် နောက်မှကပ်ပါလာသော စစ်ကောင်စီယာဥ်တစ်စီးပေါ်မှ ရမ်းသမ်းပစ်ခတ်သောကြောင့် ရဲဘော်များမှာ ဆုတ်ခွာရင်း မိုင်းကွင်း (၁)ပေါ်သို့ရောက်လာသော စစ်ကောင်စီယာဥ်အား ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖြစ်စဥ်များတွင် စစ်ကောင်စီဘက်က ၁၅ ဦးနေရာတွင် သေဆုံးပြီး ၂၀ဦးထက်မနည်းထိခိုက်သေဆုံးကြောင်း မျက်​မြင်သက်သေများထံမှသိရသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တော်လှန်ရေးအင်အားစုများက ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အထိနာခဲ့သည့် စစ်အုပ်စုက ပြည်သူတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို MNPDF Myitngeမန္တလေးခရိုင်အမှတ်(၅)တပ်ရင်း၊စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)_MSPDF၊ ခုနှစ်စဥ်ကြယ်ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့အင်အား (ငါးဇွန်)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆)-STF (Ngazun)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိုနေ့က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာတစ်ရွာဖြစ်သည့် ဂျပန်ကျွန်းကျေးရွာတွင် နေအိမ် ၅၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။