Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ် အမှတ်(၃၁၇)အမြောက်တပ်မှ ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီတပ်သား ငါးဦးအားတိုက်ခိုက်ရာ အားလုံးသေဟု YGF ပြော

ယနေ့(ဇန်နဝါရီ ၂၀ရက်) နံနက်ပိုင်းက တိုက်ခိုက် မှု မှတ်တမ်းကို ဗိုလ်ကျန်ရစ်က ၎င်း၏လူမှုကွန် ရက်မှတဆင့် အသိပေးခဲ့သည်။

(သိမ်းဆည်းရမိသော လက်နက်များအား ပြသနေစဉ်၊ ဓာတ်ပုံ - YGF)
(သိမ်းဆည်းရမိသော လက်နက်များအား ပြသနေစဉ်၊ ဓာတ်ပုံ - YGF)

မွန်ပြည််နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇)အမြောက်တပ်မှ ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီတပ်သားငါးဦးအား တိုက်ခိုက်ရာ ငါးဦးစလုံးသေဆုံးပြီး လက်နက်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)မှ တာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၀ရက်) နံနက်ပိုင်းက တိုက်ခိုက် မှု မှတ်တမ်းကို ဗိုလ်ကျန်ရစ်က ၎င်း၏လူမှုကွန် ရက်မှတဆင့် အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

“(အမတ ၃၁၇ )၅ကောင်သေ၊၃ လက်စားလိုက်ပြီ”ဟု ဗိုလ်ကျန်ရစ်က ဆိုသည်။

တိုက်ခိုက်မှု ဗီဒီယိုဖိုင်မှတ်တမ်းအရ စစ်ကောင်စီ ယူနီဖောင်ဝတ်ထားသူများစီးနင်းလာသည့် ဆိုင် ကယ် နှစ်စီးကို လမ်းမပေါ်တွင် YGFက ကြား ဖြတ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယခုလ ၁၈ ရက်ကလည်း သံဖြူဇရပ်မြို့နယ်၊ထင်းရှုးကျေး ရွာအခြေစိုက်နယ်မြေရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးသေဆုံးကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။