Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် အမှတ်(၃၁၇)အမြောက်တပ်မှ ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီတပ်သား ငါးဦးအားတိုက်ခိုက်ရာ အားလုံးသေဟု YGF ပြော

ယနေ့(ဇန်နဝါရီ ၂၀ရက်) နံနက်ပိုင်းက တိုက်ခိုက် မှု မှတ်တမ်းကို ဗိုလ်ကျန်ရစ်က ၎င်း၏လူမှုကွန် ရက်မှတဆင့် အသိပေးခဲ့သည်။

(သိမ်းဆည်းရမိသော လက်နက်များအား ပြသနေစဉ်၊ ဓာတ်ပုံ - YGF)
(သိမ်းဆည်းရမိသော လက်နက်များအား ပြသနေစဉ်၊ ဓာတ်ပုံ - YGF)

မွန်ပြည််နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇)အမြောက်တပ်မှ ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီတပ်သားငါးဦးအား တိုက်ခိုက်ရာ ငါးဦးစလုံးသေဆုံးပြီး လက်နက်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)မှ တာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၀ရက်) နံနက်ပိုင်းက တိုက်ခိုက် မှု မှတ်တမ်းကို ဗိုလ်ကျန်ရစ်က ၎င်း၏လူမှုကွန် ရက်မှတဆင့် အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

“(အမတ ၃၁၇ )၅ကောင်သေ၊၃ လက်စားလိုက်ပြီ”ဟု ဗိုလ်ကျန်ရစ်က ဆိုသည်။

တိုက်ခိုက်မှု ဗီဒီယိုဖိုင်မှတ်တမ်းအရ စစ်ကောင်စီ ယူနီဖောင်ဝတ်ထားသူများစီးနင်းလာသည့် ဆိုင် ကယ် နှစ်စီးကို လမ်းမပေါ်တွင် YGFက ကြား ဖြတ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယခုလ ၁၈ ရက်ကလည်း သံဖြူဇရပ်မြို့နယ်၊ထင်းရှုးကျေး ရွာအခြေစိုက်နယ်မြေရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးသေဆုံးကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။