Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ်(ပ.က.ဖ)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ်(ပ.က.ဖ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်များအား ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၉ရက် မွန်းလွဲ ၂နာရီခန့်က ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာသို့ ကင်းပုန်းလာဝပ်သော အင်အား ၁၅ဦးခန့်ပါသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးတစ်လုံးကြဲကာ စတင်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။

ထို့နောက် ညနေ ၃နာရီခန့်တွင်လည်း ဒရုန်းဖြင့်ဗုံးတစ်လုံးထပ်ချကာ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အား ဆက်လက်စုံစမ်းကြောင်း ရေစကြို(ပဖက)အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြို(ပကဖ)၏ ရုပ်သံတွင် သစ်ပင်အောက်ရှိ စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးသွားကြသည်ကို တွေ့ရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို(ပကဖ)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ရေစကြို(ပကဖ)အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကလည်း မဲစာရင်းပြုလုပ်နေသော လဝကရုံးကို မီးရှို့ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်