Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ်(ပ.က.ဖ)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ်(ပ.က.ဖ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်များအား ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၉ရက် မွန်းလွဲ ၂နာရီခန့်က ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာသို့ ကင်းပုန်းလာဝပ်သော အင်အား ၁၅ဦးခန့်ပါသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးတစ်လုံးကြဲကာ စတင်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။

ထို့နောက် ညနေ ၃နာရီခန့်တွင်လည်း ဒရုန်းဖြင့်ဗုံးတစ်လုံးထပ်ချကာ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အား ဆက်လက်စုံစမ်းကြောင်း ရေစကြို(ပဖက)အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြို(ပကဖ)၏ ရုပ်သံတွင် သစ်ပင်အောက်ရှိ စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးသွားကြသည်ကို တွေ့ရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို(ပကဖ)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ရေစကြို(ပကဖ)အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကလည်း မဲစာရင်းပြုလုပ်နေသော လဝကရုံးကို မီးရှို့ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။