Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဇီးအုပ်ကွက်သစ်က နေအိမ်တွေ ထပ်မံဖျက်ခံရ

ရုတ်တရက် အိမ်ဖျက်ခံရတဲ့အတွက် ဒေသခံတွေ ကသိုက်ကရိုက် ဖြစ်ပြီး ပစ္စည်းတွေကို ရွှေ့ပြောင်းရာမှာအခက်အခဲကြုံရတယ်လို့သိရပါတယ်။

မန္တလေးမှာ အိမ်ခြေတွေ ကျုးကျော်ဆိုပြီး ဖျက်ခံရစဉ် (ပုံဟောင်း)
မန္တလေးမှာ အိမ်ခြေတွေ ကျုးကျော်ဆိုပြီး ဖျက်ခံရစဉ် (ပုံဟောင်း)

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ဇီးအုပ်ကွက်သစ်ရှိ နေအိမ်တွေကို ကျုးကျော်လို့သတ်မှတ်ပြီး ဒီနေ့မနက်ပိုင်းက ဘူဒိုဇာနဲ့ ဖယ်ရှားနေတယ်လို့ဒေသခံတွေက ပြောကြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ၊ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား ၊ ၁၂၂ လမ်း နဲ့ ၁၂၅ လမ်းကြား မှာရှိတဲ့ ဇီးအုပ်ကွက်သစ်ကို ဘူဒိုဇာ ၂ စီး နဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေရောက်လာပြီး နေအိမ်တွေဖျက်လို့ အိမ်ခြေ ၁၀၀ လောက်ဖျက်ခံရတယ်လို့ဒေသခံ တစ်ဦးကပြောပြပါတယ်။

” ချက်ချင်းပဲ မီးတိုင်တွေက ဓာတ်ကြိုးတွေကို ဖြုတ်ချပြီး အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးချဖျက်သွားတာ”လို့ အဲဒီဒေသခံက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

ရုတ်တရက် အိမ်ဖျက်ခံရတဲ့အတွက် ဒေသခံတွေ ကသိုက်ကရိုက် ဖြစ်ပြီး ပစ္စည်းတွေကို ရွှေ့ပြောင်းရာမှာအခက်အခဲကြုံရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက်ပိုင်း ဖျက်ခံရတဲ့ အိမ်တွေထဲမှာ အိမ်ကြီးအိမ်ကောင်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။