Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အခုလအတွင်း လေကြောင်းမှ ရှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၂ရက်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီး လူနေအိမ်များအား လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်(ပအဖ)
ဇန်နဝါရီ ၂၂ရက်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီး လူနေအိမ်များအား လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်(ပအဖ)

▪️ပြည်သူများ ပုန်းခိုကျင်းတူးထားကြရန် CDF အသိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း မင်းတပ် မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF-Mindat) ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယခုလအတွင်း လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အခု ဇန်နဝါရီ ၇ရက် ညပိုင်းတွင် နှစ်ကြိမ်၊ ဇန်နဝါရီ ၈ရက် နံနက်တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၂၂ရက် ညပိုင်းတွင် နှစ်ကြိမ်၊ ယနေ့ (ဇန်ဝါရီ ၂၃ရက်) နံနက် ၁၁နာရီတွင် သုံးကြိမ်စုစုပေါင်း ရှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ် များအနီးတွင် သတ်မှတ်ထားသည့် အတိုင်းအတာများပြည့်မှီသည့် ပုန်းခိုကျင်းများတူးကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် အား (အထူး)သတိပြုကြပါရန် မင်းတပ် CDFက အသိပေးထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

ဇန်နဝါရီ ဒုတိယပတ်အတွင်းကလည်း စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNF ရဲဘော် ငါးဦးကျဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook