Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အခုလအတွင်း လေကြောင်းမှ ရှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၂ရက်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီး လူနေအိမ်များအား လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်(ပအဖ)
ဇန်နဝါရီ ၂၂ရက်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီး လူနေအိမ်များအား လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်(ပအဖ)

▪️ပြည်သူများ ပုန်းခိုကျင်းတူးထားကြရန် CDF အသိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း မင်းတပ် မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF-Mindat) ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယခုလအတွင်း လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အခု ဇန်နဝါရီ ၇ရက် ညပိုင်းတွင် နှစ်ကြိမ်၊ ဇန်နဝါရီ ၈ရက် နံနက်တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၂၂ရက် ညပိုင်းတွင် နှစ်ကြိမ်၊ ယနေ့ (ဇန်ဝါရီ ၂၃ရက်) နံနက် ၁၁နာရီတွင် သုံးကြိမ်စုစုပေါင်း ရှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ် များအနီးတွင် သတ်မှတ်ထားသည့် အတိုင်းအတာများပြည့်မှီသည့် ပုန်းခိုကျင်းများတူးကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် အား (အထူး)သတိပြုကြပါရန် မင်းတပ် CDFက အသိပေးထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

ဇန်နဝါရီ ဒုတိယပတ်အတွင်းကလည်း စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNF ရဲဘော် ငါးဦးကျဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။