Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် ရွာသာရွာရှိ ပျူအုပ်စုကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်

ပလိုင်းကျေးရွာအုပ်စု၊ ရွာသာကျေးရွာစာသင်ကျောင်းတွင် စခန်းချထားသော ပျူများသည် ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီ ၁၅မိနစ်ခန့်က ပလိုင်းရွာသို့သွားရန် ဆိုင်ကယ် ခြောက်စီးဖြင့် ထွက်လာခဲ့သည်။

ရွှေဘိုမြို့နယ် ရွာသာရွာရှိ ပျူအုပ်စုကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်
ရွှေဘိုမြို့နယ် ရွာသာရွာရှိ ပျူအုပ်စုကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးစခန်းနှင့် ပျူအဖွဲ့ဝင်များကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဒင်က ပြောသည်။

ပလိုင်းကျေးရွာအုပ်စု၊ ရွာသာကျေးရွာစာသင်ကျောင်းတွင် စခန်းချထားသော ပျူများသည် ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီ ၁၅မိနစ်ခန့်က ပလိုင်းရွာသို့သွားရန် ဆိုင်ကယ် ခြောက်စီးဖြင့် ထွက်လာခဲ့သည်။

အဆိုပါ ပျူအုပ်စုကို ရွာသာဇရပ် အနောက်ဘက်အရောက်တွင် ကြိုတင်ပြင်ဆင်ထားသော မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ပျူအချို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ပတ်ဝန်းကျင်ကိုလည်း ရမ်းသမ်းပစ်ခတ်သွားကြောင်း လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဒင်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ညနေ ၅ နာရီ ၄၅မိနစ်ခန့်တွင်လည်း ရော့ကတ် ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ရွာသာရွာရှိ ပျူစခန်းထဲသို့ ကျရောက်ထိမှန်ခဲ့ပြီး ပျူအများအပြား ထိခိုက်နိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရွာသာက ပျူရွာအဖြစ်သတ်မှတ်ထားတဲ့ရွာပါဗျ။ ပလိုင်းစာသင်ကျောင်းထဲက စစ်ကောင်စီလက်အောက်ခံပျူတွေက ရွာသာ ကျေးရွာစာသင်ကျောင်းမှာအထိုင်ချထားပါတယ်။ ပလိုင်းကစကစတွေက ပျူတွေကို ကာကင်းလုပ်ခိုင်းထားတဲ့သဘောပါဗျ။”ဟု ကိုအောင်ဒင်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုမြို့နယ် တိုက်နယ် (၅)လျှပ်စီးမုန်တိုင်း တပ်ဖွဲ့နှင့် SBDF ရွှေဘို တပ်ခွဲ (၁)တို့ ပူးပေါင်းဆောက်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။