Connect with us

Hi, what are you looking for?

သတင်း

ဟားခါး၌ CDF တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား ၂ဦးသေ၊ လက်နက် ၁လက်ရ

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်နှင့် CDFတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်နှင့် CDFတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်သား ၂ဦးကို တိုက်ခိုက်ခဲ့ရာ ၂ဦးလုံးသေဆုံး ခဲ့ကြောင်းဟားခါးချင်းကာကွယ်ရေးတပ်(CDF)ကချင်းဘာသာဖြင့်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို The Chin Journal က ဗမာ ဘာသာဖြင့် ဖော်ပြထားရာယနေ့(ဇန်နဝါရီ ၂၅ရက် )မနက်ပိုင်းတွင် ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးသည့်အပြင်လက်နက် ၁လက်ရရှိခဲ့သည်ဟုပါရှိသည်။

Public Service Announcement
Public Service Announcement

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ထံမှ ရရှိခဲ့သည့် လက်နက်ကိုလည်း ဟားခါး CDFက ထုတ်ပြန်ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။