Connect with us

Hi, what are you looking for?

သတင်း

စစ်​​ကောင်စီရွေး​ကောက်ပွဲအတွက်စည်းရုံး​နေ​သော​ရွေး​ကောက်ပွဲရှုံးအမတ်​လောင်းတစ်ဦး​သေနတ်ဖြင့်ပစ်သတ်ခံရ

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

( ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းနီ(တိုင်းလျန်)​သွေးစည်းညီညွတ်​ရေးပါတီ ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့​​သော၊စစ်​ကောင်စီ​ရွေး​ကောက်ပွဲအတွက်စည်းရုံး​နေ​သော ဦးတင်ညွှန့် ။ ။ဓါတ်ပုံ-CJ)
( ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းနီ(တိုင်းလျန်)​သွေးစည်းညီညွတ်​ရေးပါတီ ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့​​သော၊စစ်​ကောင်စီ​ရွေး​ကောက်ပွဲအတွက်စည်းရုံး​နေ​သော ဦးတင်ညွှန့် ။ ။ဓါတ်ပုံ-CJ)

နမ္မားမြို့တွင် စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက်လိုက်လံစည်းရုံးနေသော ရှမ်းနီပါတီဝင် ​၂၀၂၀ရွေး​ကောက်ပွဲရှုံးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရ​ကြောင်း​ဒေသခံများ​ပြောသည်။

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

” ဦးတင်ညွန့်က ရှမ်းနီပါတီက။ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းတယ်။ ရွေးကောက်ပွဲအတွက်လည်း လိုက်စည်းရုံးနေတဲ့သူ။ သူသေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်”ဟု နမ္မားမြို့ခံတစ်ဦးကပြောသည်။

လူသုံးဦးက လက်ဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး နောက်ဆက်တွဲအခြေအနေကို မသိရှိကြောင်း ဒေသခံများကပြောသည်။ မည်သည့်အဖွဲ့ကပစ်ခတ်သွားသည်ကိုလည်းမသိရ​​သေးပေ။

Public Service Announcement

Public Service Announcement

ဦးတင်ညွှန့်သည် ၂၀၂၀ ရှေပိုင်းကာလကပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီဝင်တစ်ဦးဖြစ်သည်။ထို့နောက်တွင်ကြံခိုင်ရေးပါတီမှနှုတ်ထွက်ကာရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) သို့ ဝင်ရောက်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် SSP ပါတီကိုယ်စားပြုကာကချင်ပြည်နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ် (၇) နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်