Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေများ၊ ထောက်တိုင်များဖြင့် ပတ်သက်ခြင်း၊ ယှဉ်တွဲသွားလာခြင်းရှောင်ရှားရန် ပခုက္ကူ(ပကဖ)ကြေညာ

တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေများ၊ ထောက်တိုင်များဖြင့် ပတ်သက်ခြင်း၊ ယှဉ်တွဲသွားလာခြင်းရှောင်ရှားရန် ပခုက္ကူ(ပကဖ)ကြေညာ
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေများ၊ ထောက်တိုင်များဖြင့် ပတ်သက်ခြင်း၊ ယှဉ်တွဲသွားလာခြင်းရှောင်ရှားရန် ပခုက္ကူ(ပကဖ)ကြေညာ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်ပါးစေများ၊ ယင်းတို့၏ ထောက်တိုင်များနှင့် ပတ်သက်ဆက်နွယ်ခြင်း၊ ယှဉ်တွဲသွားလာခြင်းများ ရှောင်ရှားရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်ကြေညာသည်။

ပခုက္ကူ – ကမ္မ- ပေါက်လမ်းပိုင်း၊ ကမ္မ-မြစ်ခြေ လမ်းပိုင်း တို့နှင့် ပတ်သက်၍ အသိပေးကြေညာချက်ကို ပခုက္ကူ(ပကဖ)က ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးထားခြင်းဖြစ်သည်။

ပခုက္ကူမြို့နယ်အတွင်း အထက်ပါ လမ်းပိုင်းနှင့် အနီးတဝိုက် နေထိုင်သွားလာနေကြသော ဒေခသံ ပြည်သူများအနေဖြင့် ဇန်နဝါရီ ၂၈ရက်မှစ၍ သိရှိလိုက်နာရမည့် အချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

အထက်ပါလမ်းပိုင်းများသို့ ဖြတ်သန်းသွားလာကြသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ အနေဖြင့် နေ့စဉ် ညနေ ၆နာရီမှ နံနက် ၆နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ၊ မော်တော်ကားများ မောင်းနှင်သွားလာရာ၌ ကားမှန်ချ၍အရှိန်လျှော့ မောင်းနှင်ကြရန် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။

ယခု ကြေညာချက်ပါ အချက်များအား နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း လေးစားလိုက်နာကြရန် ထုတ်ပြန်ခဲ့ပြီး ပျက်ကွက်ပါက မြို့နယ်(ပကဖ)နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အနေဖြင့် နောက်ဆက်တွဲ ကိစ္စရပ်များအားတာဝန်ယူမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။