Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝန်း စာသင်​ကျောင်း ၆၀၀ ​ကျော်တွင်ဗုံးခိုကျင်းများတူးထား

NUG၏ ပညာရေးဝန်ကြီးဌာနအောက်ရှိစာသင်ကျောင်းများအနက် ၆၀၀ ကျော်တွင် ဗုံးခိုကျင်း ၆၀၀ ကျော်တူးထားပြီး တစ်ကျင်းလည်း တစ်သိန်းခွဲကျပ် ထောက်ပံ့ခဲ့သည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ​ပေးထားသည်။

ဓါတ်ပုံ-MOHAADM-NUG
ဓါတ်ပုံ-MOHAADM-NUG

▪︎ပြည်သူများဆက်လက်ကူညီရန် NUG တိုက်တွန်း

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှကာကွယ်နိုင်ရန် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများကို​ကျောင်း​ပေါင်း ၆၀၀ ကျော်တွင် ပြည်သူများ၏ အလှုငွေဖြင့် တူးဖော်ထား​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်ကကလေကြောင်းမှတိုက်ခိုက်ပြီးနောက် စာသင်ကျောင်းဝန်းများအတွင်းဗုံးခိုကျင်းများတူးဖော်နိုင်ရေးလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

NUG၏ ပညာရေးဝန်ကြီးဌာနအောက်ရှိစာသင်ကျောင်းများအနက် ၆၀၀ ကျော်တွင် ဗုံးခိုကျင်း ၆၀၀ ကျော်တူးထားပြီး တစ်ကျင်းလည်း တစ်သိန်းခွဲကျပ် ထောက်ပံ့ခဲ့သည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ​ပေးထားသည်။

“ကျွန်တော့ ကျောင်းထဲမှာ ဗုံးခိုကျင်းသုံးကျင်းတူးခဲ့ပါတယ်။ ဝန်ကြီးဌာနက တစ်သိန်းခွဲထောက်ပံ့ပါတယ်” ဟု စစ်ကိုင်းတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိစာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကိုဦးတည် ချက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြား၌ ကျူးလွန်နေကြာင်း၊ ပြည်သူများအပေါ်ရန်သူသဖွယ်သဘောထားပြီး စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူနေအိမ်များပါမချန် ဦးတည်ချက်ထားကာလေကြောင်းမှရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကိုနေ့စဉ်စစ်ရာဇဝတ်မှုမြောက်စွာကျူးလွန်နေသည်ဟုလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကဖော်ပြထားသည်။

ဓါတ်ပုံ-MOHAADM-NUG
ဓါတ်ပုံ-MOHAADM-NUG

“CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဉ်ကရရှိတဲ့ရန်ပုံငွေတွေနဲ့ စာသင်ကျောင်းအချို့မှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းနေရာလေးတွေကို မြေပြင်မှ ပြည်သူအင်အားများနဲ့အတူ အကောင်အထည် ဖော် ဆောင်ရွက်နေကြတာ ခုဆိုရင်စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီး ဖြစ်ပါတယ်။ ပြည်သူများအနေနှင့်လည်း အချင်းချင်းတတ်နိုင်တဲ့ဘက်မှ ပြည်သူမှပြည်သူသို့ အားများဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့လည်း နှိုးဆော်တိုက်တွန်းလိုပါတယ်” ဟုလည်း​ဖော်ပြတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်စက်တင်ဘာလ ၁၆ရက်ကဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူငယ်များအပါအဝင် (၁၂)ဦးသေဆုံးခဲ့ရပြီး (၅၅)ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook