Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံတစ်ဝန်း စာသင်​ကျောင်း ၆၀၀ ​ကျော်တွင်ဗုံးခိုကျင်းများတူးထား

NUG၏ ပညာရေးဝန်ကြီးဌာနအောက်ရှိစာသင်ကျောင်းများအနက် ၆၀၀ ကျော်တွင် ဗုံးခိုကျင်း ၆၀၀ ကျော်တူးထားပြီး တစ်ကျင်းလည်း တစ်သိန်းခွဲကျပ် ထောက်ပံ့ခဲ့သည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ​ပေးထားသည်။

ဓါတ်ပုံ-MOHAADM-NUG
ဓါတ်ပုံ-MOHAADM-NUG

▪︎ပြည်သူများဆက်လက်ကူညီရန် NUG တိုက်တွန်း

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှကာကွယ်နိုင်ရန် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများကို​ကျောင်း​ပေါင်း ၆၀၀ ကျော်တွင် ပြည်သူများ၏ အလှုငွေဖြင့် တူးဖော်ထား​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်ကကလေကြောင်းမှတိုက်ခိုက်ပြီးနောက် စာသင်ကျောင်းဝန်းများအတွင်းဗုံးခိုကျင်းများတူးဖော်နိုင်ရေးလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

NUG၏ ပညာရေးဝန်ကြီးဌာနအောက်ရှိစာသင်ကျောင်းများအနက် ၆၀၀ ကျော်တွင် ဗုံးခိုကျင်း ၆၀၀ ကျော်တူးထားပြီး တစ်ကျင်းလည်း တစ်သိန်းခွဲကျပ် ထောက်ပံ့ခဲ့သည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ​ပေးထားသည်။

“ကျွန်တော့ ကျောင်းထဲမှာ ဗုံးခိုကျင်းသုံးကျင်းတူးခဲ့ပါတယ်။ ဝန်ကြီးဌာနက တစ်သိန်းခွဲထောက်ပံ့ပါတယ်” ဟု စစ်ကိုင်းတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိစာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကိုဦးတည် ချက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြား၌ ကျူးလွန်နေကြာင်း၊ ပြည်သူများအပေါ်ရန်သူသဖွယ်သဘောထားပြီး စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူနေအိမ်များပါမချန် ဦးတည်ချက်ထားကာလေကြောင်းမှရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကိုနေ့စဉ်စစ်ရာဇဝတ်မှုမြောက်စွာကျူးလွန်နေသည်ဟုလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကဖော်ပြထားသည်။

ဓါတ်ပုံ-MOHAADM-NUG
ဓါတ်ပုံ-MOHAADM-NUG

“CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဉ်ကရရှိတဲ့ရန်ပုံငွေတွေနဲ့ စာသင်ကျောင်းအချို့မှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းနေရာလေးတွေကို မြေပြင်မှ ပြည်သူအင်အားများနဲ့အတူ အကောင်အထည် ဖော် ဆောင်ရွက်နေကြတာ ခုဆိုရင်စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီး ဖြစ်ပါတယ်။ ပြည်သူများအနေနှင့်လည်း အချင်းချင်းတတ်နိုင်တဲ့ဘက်မှ ပြည်သူမှပြည်သူသို့ အားများဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့လည်း နှိုးဆော်တိုက်တွန်းလိုပါတယ်” ဟုလည်း​ဖော်ပြတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်စက်တင်ဘာလ ၁၆ရက်ကဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူငယ်များအပါအဝင် (၁၂)ဦးသေဆုံးခဲ့ရပြီး (၅၅)ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။