Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖွဲ့စည်း

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ကို လက်နက်ဖြင့်ပါ တော်လှန်ခုခံတိုက်ခိုက်နေသည်။

ဝမ်းတွင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖွဲ့စည်း
ဝမ်းတွင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖွဲ့စည်း

▪️စစ်ကောင်စီရွေးကောက်ပွဲလု​ပ်ငန်းများ၌ ပူးပေါင်းပါဝင်ခြင်းမပြုရန် သတိပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ဝမ်းတွင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီ​၏ ရွေးကောက်ပွဲလုပ်ငန်းများ ပူးပေါင်းပါဝင်ခြင်းမပြုရန် ယင်းအဖွဲ့က ယမန်နေ့ (ဇန်နဝါရီ၂၄)တွင် သတိပေးကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၉ရက် မှ ၃၁ ရက်အထိ ၂၃ရက်တာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက် နေပြီး အချို့နေရာများတွင် ဇန်နဝါရီ ၇ရက်ကတည်းက စစ်ကောင်စီ၏လက်ကိုင်တုတ်ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက လူဦးရေနှင့်သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေပြီဖြစ်ကြောင်း ဝမ်းတွင်း (ပအဖ)က အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဇန်နဝါရီ ၉ရက်မှ ၃၁ရက်အထိ စစ်အုပ်စု၏ တစ်အိမ်တက် ဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းစဥ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန် ထပ်မံမေတ္တာရပ်ခံထားသည်။

တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြု ဆောင်ရွက်ကြသည့် စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ထောက်တိုင်ကိုမဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆိုအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝမ်းတွင်းပအဖက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဝမ်းတွင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ မတရားမှုများကို ပြည်သူများမှ တိုင်ကြားနိုင်ကြောင်းနှင့် မှတ်တမ်းယူထားပြီး ကြားကာလအရေးယူမှုများ ပြုလုပ်သည့်အခါ ယခုမှတ်တမ်းများကို သက်သေအနေဖြင့် သုံးသွားမည်ဟု ဝမ်းတွင်း (ပအဖ)အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ပအဖ ရဲ့လုပ်ငန်းစဉ်များကို ယခုအချိန်မှစ၍ စွမ်းနိုင်သလောက်လုပ်ဆောင်သွားမှာပါ။ပအဖကို မည်သူတွေနဲ့ဖွဲ့စည်းထားလဲဆိုရင်တော့ အကောင်းဆုံးတွေနဲ့ စုဖွဲ့ထားပါတယ်။ ဒိထက်ပိုပြီးပြောဖို့ အဆင်မပြေလို့ပါ။ အကောင်းဆုံးကြိုးစားသွားမှာပါ။”ဟု ဝမ်းတွင်း(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ကို လက်နက်ဖြင့်ပါ တော်လှန်ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

သတင်း

Voice Of Wundwin အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း"မြို့လယ်ခေါင် ထမင်းဆိုင်နားမှာ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ဆော်လိုက်တာ။ သူက အရပ်ဝတ်နဲ့ပဲနေတာ။ ပုံဖျက်ထားတာ။"ဟုပြောသည်။

သတင်း

ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု (၇)ရွာအုပ်ကြီးပြည်အေးဆိုနှင့် သူ၏သား စိုင်းမြင့်အောင်ပြေ (ခ)ပုလုံးတို့ကို ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း WTRF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။