Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင် စစ်ကောင်စီတ​ပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

၀က်လက်မြို့နယ် အနောက်ဘက်ခြမ်းတွင် အင်အား ၆ဝကျော်ပါ စစ်ကောင်စီတပ်သည် သုံးရက်ဆက် တစ်ရွာ၀င်တစ်ရွာထွက် လုယက် မီးရှို့နေပြီး သိမ်းသွားသည့်ပစ္စည်းများအား လှတောစခန်းသို့ပို့နေကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်တွင် စစ်ကောင်စီတ​ပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
ဝက်လက်တွင် စစ်ကောင်စီတ​ပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် ရွာစဥ်လှည့် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ ခေတ္တထိုင်နားနေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Ngwe Dwin Revolution Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၅ရက်)မွန်းလွဲပိုင်းက၀က်လက်မြို့နယ်၊ ခေါတောကျေးရွာသို့အင်အား ၆၀ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးလာ၍ NDRFက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အတွင်းသတင်းအရ စစ်သားနှစ်ဦးနှင့် ပျူနှစ်ဦး သေဆုံးကြောင်း NDRFက ဆိုသည်။

“မနက်ပိုင်းမှာ စစ်အုပ်စုက ဝက်လက်မြို့နယ် မူးကြီးရွာကို လုယက် မီးရှို့ခဲ့ပြီး နေ့လယ်ပိုင်းမှာ ခေါတောရွာဘက်ကူးပြီး ဆက်လက် လုယက် မီးရှို့နေတယ်လို့ သတင်းရလို့ ဗုံးသွားချခဲ့တာ။ဗုံးသီး ၆ လုံးချတယ်။ တောထဲ တစ်နေရာမှာ နားနေတဲ့အချိန် ချခဲ့တာ။ ဒီကနေ့မနက် ရွာသားတွေ တောထွက်တော့ စကစတွေတွေနားခဲ့တဲ့ တဲထဲမှာ အလောင်း ၄လောင်းတွေ့တယ်လို့ ရွာခံတွေက ပြောတယ်။”ဟု Ngwe Dwin Revolution Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို MSaiNaw ငရဲမီး၊ မုံရွာခရိုင်တပ်ရင်း၆၊ MRTF၊ မုံရွာခရိုင်တပ်ရင်း(၂၁) တပ်ခွဲ – ၂ NDRF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

၀က်လက်မြို့နယ် အနောက်ဘက်ခြမ်းတွင် အင်အား ၆ဝကျော်ပါ စစ်ကောင်စီတပ်သည် သုံးရက်ဆက် တစ်ရွာ၀င်တစ်ရွာထွက် လုယက် မီးရှို့နေပြီး သိမ်းသွားသည့်ပစ္စည်းများအား လှတောစခန်းသို့ပို့နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ရက်သတ္တပတ်ကြာ တိုက်ခိုက်လျက်ရှိပြီး စစ်အုပ်စုထိခိုက်မှုများရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။