Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးမှာ အပြင်ရန်၊ အတွင်းရန် နှစ်မျိုးလုံးထိန်းချုပ်နိုင်မယ့် စနစ်ယန္တရားတစ်ခုတည်ဆောက်နေကြောင်း PDFဒုတိယစစ်ဦးစီးအရာရှိချုပ် ပြော

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

(ဒေါက်တာစိုးသူရဇော်အား စစ်မြေပြင်တနေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Soe Thuya Zaw Facebook)

မတ်-၁၃၊၂၀၂၆။ဟာနာဆန်/People’s Spring

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြင်ပရန်သူဖြစ်တဲ့ “တောမီး” နဲ့ အတွင်းပိုင်းမှာ တငွေ့ငွေ့လောင်မြိုက်နေတဲ့ “ဖွဲမီး” ဟူတဲ့ မီးနှစ်ခုကြားမှာ ဖြတ်သန်းနေရကြောင်းနဲ့ အဆိုပါမီးနှစ်မျိုးလုံးကို တစ်ပြိုင်တည်း ငြိမ်းသတ်နိုင်မှသာ တော်လှန်ရေးအောင်ပွဲသို့ ရောက်ရှိမည်ဖြစ်ကြောင်း ဒေါက်တာစိုးသူရဇော်က ဥပမာပေးကာ ၎င်းရဲ့ဖေ့ဘွတ်စာမျက်နှာကနေတဆင့် အသိပေးပါတယ်။

တော်လှန်ရေးအင်အားစုများအနေနဲ့ အပြင်ဘက်မှ လာတဲ့ ရန်သူ့အန္တရာယ် (အပြင်မီး) ကို သိသာထင်ရှားစွာ မြင်တွေ့ရလို့ နည်းမျိုးစုံနဲ့ တားဆီးကာကွယ်နိုင်သော်လည်း၊ တော်လှန်ရေးအတွင်းမှ ထွက်ပေါ်လာတဲ့ အကျင့်ပျက်ခြစားမှု (အတွင်းမီး)ကတော့ သတိမမူမိပါက အတွင်းပိုင်းမှ လှိုက်စားဖျက်ဆီးတတ်ကြောင်း တင်စားဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” အတွင်းမီးဆိုတာကတော့ အတွင်းကနေလှိုက်စားစေပြီး တငွေ့ငွေ့နဲ့ လောင်တဲ့ ဖွဲမီးနဲ့ တူတဲ့ ကိုယ့်တော်လှန်ရေးအတွင်းက မီးတွေဖြစ်ပါတယ် ။ ရုတ်တရက်ကြည့်ရင် မသိသာဘူး ။

သတိထားမိတဲ့အချိန်မှာ အတွင်းကို တော်တော် လှိုက်စားပြီးနေပြီ ။ အတွင်းကနေ လှိုက်စားတာ ဖြစ်တဲ့အတွက် အဖျက်စွမ်းအားကလည်း တောမီးလိုဘဲ ကြီးပါတယ် ။”လို့ ဒေါက်တာစိုးသူရဇော်က ဆိုပါတယ်။

​လက်နက်ကိုင်တော်လှန်ရေး သက်တမ်းကြာလာတာနဲ့အမျှ ပေါ်ပေါက်လာတတ်တဲ့ အကျင့်စရိုက်ဖောက်ပြန်မှုများ၊ ကိုယ်ကျိုးရှာမှုများနဲ့ ရာဇဝတ်မှုများဟာ ရှောင်လွှဲ၍မရတဲ့ “ဘေးထွက်ဆိုးကျိုးများ” ဖြစ်ပြီး ၎င်းတို့ကို အနာဆိုးတစ်ခုကဲ့သို့ ပြတ်ပြတ်သားသား ဖောက်ထုတ်ကုသရန် လိုအပ်တယ်လို့ ဒေါက်တာစိုးသူရဇော်က ဆိုပါတယ်။

“ဒီလိုမျိုး အကျင့်စရိုက်ဖောက်ပြန်တဲ့ကိစ္စတွေ ၊ ကိုယ်ကျိုးရှာ ခြစားမှုတွေ ၊ ရာဇဝတ်မှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ် ။ ဒီဘေးထွက်ဆိုးကျိုးများဟာ ကျွန်တော်တို့ မဖြစ်မနေ ဖြေရှင်းကုသရမယ့် အရာဖြစ်ပါတယ်။”လို့ ၎င်းက ရေးသားပါတယ်။

လူနာတစ်ဦး အသက်ရှင်ရန်အတွက် ရောဂါဝေဒနာနဲ့ ခွဲစိတ်မှုဒဏ်ကို တပြိုင်တည်း ကုသရသကဲ့သို့ တော်လှန်ရေးအတွက်လည်း အတွင်းမီးရော အပြင်မီးပါ ငြိမ်းသတ်နိုင်ဖို့ အရေးကြီးကြောင်း ဒေါက်တာစိုးသူရဇော်က ထပ်မံအသိပေးပါတယ်။

“ဒီအခြေအနေမှာ နှစ်မျိုးစလုံးကို တပြိုင်တည်း ထိန်းချုပ် ကုသနိုင်မှ လူနာအသက်ရှင်သလိုဘဲ ကျွန်တော်တို့ တော်လှန်ရေးကို ဒုက္ခပေးနေတဲ့ အတွင်းမီးရော ၊ အပြင်မီးကိုပါ တပြိုင်တည်း ငြိမ်းသက်နိုင်မှ တော်လှန်ရေးစစ်စစ်မည်တယ် လို့ ခေါ်ရပါမယ်။”လို့ ၎င်းက ရေးသားပါတယ်။

​ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ အပြင်မီးကို ငြိမ်းသတ်မယ့်အပြင် အတွင်းပိုင်းဖောက်ပြန်မှုများကိုလည်း လုံးဝလက်သင့်ခံမှာမဟုတ်ဘဲ အဆိုပါမီးနှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို အခိုင်အမာ တည်ဆောက်လျက်ရှိကြောင် ဒေါက်တာစိုးသူရဇော်က ကတိပြုထားပါတယ်။

“လူတွေနဲ့ ဖွဲ့စည်းထားပြီး တော်လှန်ရေးလုပ်နေရတာဖြစ်တဲ့အတွက် လူကြောင့်ဖြစ်တဲ့ အတွင်းမီးတွေကတော့ အလျို အလျိုရှိနေအုံးမှာပါဘဲ ။

အရေးကြီးဆုံးကတော့ အတွင်းမီးကို အတွင်းမီးမှန်း များများသိကြဖို့နဲ့ ငြိမ်းသတ်ကြဖို့ပါဘဲ ။”လို့ သူက ဆိုပါတယ်။

ပြည်သူများအနေနဲ့လည်း တော်လှန်ရေးအတွင်း ပေါ်ပေါက်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ကြည့်ပြီး စိတ်ဓာတ်မကျဖို့နဲ့ ယင်းတို့ကို နှိမ်နင်းမယ့် ယန္တရားများ အားကောင်းလာစေဖို့ ဝိုင်းဝန်းကူညီကြဖို့ ဒေါက်တာစိုးသူရဇော်က မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။