Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ကိုင်းတောမရွာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံးဟုဆို

ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(ပြည်သူ့အားမာန်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(ပြည်သူ့အားမာန်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြာမြင့်ချိန် ၄၅မိနစ်ခန့်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးကာ စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ကိုင်းတောမရွာတိုက်ပွဲတွင် အဖွဲ့အားလုံးက ကျည်(၆၆၂)တောင့် အသုံးပြုခဲ့ကြောင်း၊ ကျည်ဖိုးအကြွေး ကျပ်သိန်း ၂၀ခန့်ရှိနေပြီး တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် လှူဒါန်း​ပေးကြပါရန်လည်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“ စကစဘက်က ရှစ်ကောင် သေတယ်။ ပြည်သူ့အားမာန်တစ်ဖွဲ့ထဲတင်ကို ကျည်နှစ်ရာကျော်ခန့် ကုန်ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖို့ ကျည်ဖိုးတွေလိုအပ်နေပါတယ်” ဟု ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကိုင်းတောမရှိ စစ်ကောင်စီတပ်အား ပြီးခဲ့သည့်ဒီဇင်ဘာလဆန်းပိုင်းက ဒေသတွင်း တော်လှန် ရေးအင်အားစုများက တိုက်ခိုက်ခဲ့ဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

Facebook