Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်ခဲ့သူ ၃,၃၀၀ ကျော်ရှိပြီး NLDပါတီဝင် ၈၀ကျော်ပါဝင်

NLD ၏လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ၂၀၂၃ ဇန်နဝါရီ ၅ရက်အထိ ရရှိထားသည့် မှတ်တမ်းများကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်ခဲ့သူ ၃,၃၀၀ ကျော်ရှိပြီး NLDပါတီဝင် ၈၀ကျော်ပါဝင်
စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်ခဲ့သူ ၃,၃၀၀ ကျော်ရှိပြီး NLDပါတီဝင် ၈၀ကျော်ပါဝင်

စစ်ကောင်စီတပ်က ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကော်စီတပ် ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၀၀ ကျော်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

စစ်ဖက်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကန့်ကွက်ခဲ့မှုများအား အာဏာလုစစ်ကောင်စီသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ပါဝင်သူများကိုဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက် ယူဆောင်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့သည်။

စစ်ကောင်စီတပ် ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့သည်ဟု NLD က ထုတ်ပြန်သည်။

NLD ၏လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ၂၀၂၃ ဇန်နဝါရီ ၅ရက်အထိ ရရှိထားသည့် မှတ်တမ်းများကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ ၁၂,၆၇၀ဦးရှိရာ ၃,၇၅၈ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိကြောင်း၊ ယင်းအနက် လွှတ်တော်ကိုယ်စားလှယ် ၈၀ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ရရှိထားသောမှတ်တမ်းများအရ ပြည်သူတို့၏ နေအိမ်များ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၉၁၃ ကြိမ်တွင် အိုးအိမ်အဆောက် အဦးပေါင်း ၃၅,၉၆၉ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ဦး၏ ပိုင်ဆိုင်မှုများပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၁ဦးတို့၏ ပိုင်ဆိုင်မှုတို့ ပါဝင်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီက ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း ပြုလုပ်ခဲ့ရာ ၁၂၀ကြိမ် ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာကို ဆက်လက် ချုပ်ကိုင်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရတရားဝင်မှုကို ရယူရန်ကြိုးပမ်းအားထုတ်လျက်ရာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိကြောင်း NLDက ဆိုသည်။

ထို့ကြောင့် ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား ခိုင်မာစွာဆန့်ကျင်ကန့်ကွက် နေမည် ဖြစ်ကြောင်း NLDက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေး ကူညီသူများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း မြန်မာပြည်သူတို့၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးလမ်းစဉ်နှင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်မည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြရန်လည်း NLDက မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။