Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်

နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်လာသော စစ်ကောင်စီကားနှစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ပင် ခြောက်လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ဇန်နဝါရီလ ဒုတိယပတ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်သွားစဥ်၊ ဓာတ်ပုံ-Local PDF
ဇန်နဝါရီလ ဒုတိယပတ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်သွားစဥ်၊ ဓာတ်ပုံ-Local PDF

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ် များကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၃၀ရက်)နံနက် ၅နာရီခန့်က စစ်ကိုင်းမှ ဘိုးမင်းကြီးကင်းစခန်းသို့ထွက်ခွာလာသော အင်အား ၂၀ခန့်ပါသည့် စစ်ကားတစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ လေးလုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း PKDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်လာသော စစ်ကောင်စီကားနှစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ပင် ခြောက်လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“သူတို့ဘက်က ထိခိုက်မှုများတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူး။”ဟု PKDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးများကို People’s knight Defense Force Myinmu၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFD၊ TTAPDF၊ DBBF-MMU၊ DKPDF-MMU၊ စသည့်မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့် ည၉ နာရီမှ နံနက်၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။