Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ဘွေရာလမ်းရှိ ကင်းစခန်းကို CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်ရထိခိုက်မှုများဟု ထုတ်ပြန်

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားထား၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

(မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CDF Matupi)
(မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CDF Matupi)

▪️မတူပီ CDF၏ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီအတွင်း စစ်ကောင်စီတပ်မှ ၁၈ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့ – ဘွေရာမြို့လမ်းပိုင်းရှိ စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက် ရာ စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများရှိခဲ့သည် ဟု မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၅ရက် နံနက် အစောပိုင်းကမတူပီ – ဘွေရာလမ်းတွင် တပ်စွဲဂိတ်ထိုးထားသော စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာအများအပြားရရှိခဲ့ပြီး မတူပီ CDF ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် မတူပီမြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန်ကြိုးပမ်းမူများကို ဟန့်တားနိုင်ရန် ယခု ဇန်နဝါရီအတွင်း မတူပီ – ပလက်ဝလမ်း၊ မတူပီ – မင်းတပ်လမ်း၊ မတူပီ – ဘွေရာလမ်း၊ မတူပီ-ဟားခါးလမ်းများ တွင်ရှိသော စစ်ကောင်စီဂိတ်များကို ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ မတူပီ CDFဘက်မှ ရဲဘော် တစ်ဦးကျဆုံးပြီး ပြည်သူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသည်။

“ရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီကိုကျွန်တော်တို့ တားဆီးသွားမှာပါ။ရှေ့ဆက်တိုက်ပွဲတွေ ပြင်းထန်နိုင်ပါတယ်”ဟုCDF – မတူပီမှရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်က မတူပီ – ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို ဝင်ရောက်စီးနင်းရာ မတူပီ CDFနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိခဲ့သည်။ အဆိုပါရွာရှိ ဘုရားကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သေးသည်။

ထို့နောက် မတူပီ CDFက ဇန်နဝါရီ ၂၁ရက်တွင် စစ်ကောင်စီ တပ်စွဲရာနေရာ ၅ခုကို တစ်နေ့အတွင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က ၁၇ဦး သေဆုံးခဲ့သည်။ ငလိုင်ရွာသို့ ဝင်ရောက်စီးနင်းစဉ်ကလည်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ရာ စုစုပေါင် စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၈ဦး ရှိခဲ့သည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားထား၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မတူပီ CDF၏ ခွင့်ပြုချက်မရဘဲ ခရီးမထွက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook