Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအလွန်တွင် CDMဝန်ထမ်းများကို ရားထူးတစ်ဆင့်တိုးမြှင့်ခန့်အပ်မည်၊ လစာများ တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်မည်ဟု NUG ကြေညာ

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

(CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - PS)
(CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

ရာထူးတိုးမြှင့်ခြင်းအမိန့်ကို ယနေ့မှစ၍ အကျိုးသက်ရောက်မည်၊ နေ့စားဝန်ထမ်း CDM များကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှု လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးအလွန်တွင် CDM ဝန်ထမ်းများကို ရားထူးတစ်ဆင့်တိုးမြှင့်ခန့်အပ်မည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး ယနေ့မှစ၍ ရာထူးတိုးမြှင့်ခြင်း အမိန့်အကျိုးသက်ရောက်မည်ဟု ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်းယူခဲ့စဉ်မှ စတင်ပြီး ယနေ့ထက်တိုင် အမှန်တရားနှင့်ဓမ္မဘက်မှရပ်တည်၍ ရဲဝံစွာဖြင့် CDM လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်း CDM များ အားလုံးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများ၏ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင်အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ပြီး အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခုကြေညာချက် ထုတ်ပြန်သည့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)မှစ၍ အကျိုးသက်ရောက်မည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှစတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများအားလုံးကို တော်လှန်ရေးအလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အမှန်အတိုင်းပြောရရင် ခံစားချက်တော့ သိပ်ရှိမနေဘူး။ ဘာကိုမှလည်း မမျှော်လင့်တာ။ အချိန်ကလည်း နှစ်နှစ်ဆိုတော့ ဒီနှစ်နှစ်အတွင်းမှာ ဘဝကတော်တော် ပြောင်းလဲသွားတယ်။ အစပိုင်းကတော့ မျှော်လင့်တာပေါ့။ ဘယ်ချိန်မှာများ ကိုယ့်နေရာကိုယ်ပြန်နေရမယ်ဆိုတဲ့မျှော်လင့်ချက်ပေါ့။ အထူးသဖြင့် Non တွေကို ကျနော်တို့ ဂုဏ်သိက္ခာနဲ့ပဲ ပြန်တိုက်ရမှာလေ” ဟု နိုင်ငံ့ဝန်ထမ်း CDM တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း CDM များသည် တော်လှန် ရေးကာလ နှစ်နှစ်တာအတွင်း လောကဓံအနိမ့်အမြင့် အတက်အကျများကို ရင်ဆိုင်ဖြတ်သန်းကြရပြီး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များစွာရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် CDM ပြုလုပ်ထားသော နိုင်ငံ့ဝန်ထားများတွင် ကြောက်စိတ်များရှိနေနိုင်သော်လည်း ပြည်သူများက နားလည်လက်ခံပြီး ဖေးမကူညီပေးကြရန် အထက်ပါ CDM ဝန်ထမ်းက မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆောင်းပါး

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ "ဒေါတမကြီး" ရွာ တည်ရှိသည်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် FDC ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။

သတင်း

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။