Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအလွန်တွင် CDMဝန်ထမ်းများကို ရားထူးတစ်ဆင့်တိုးမြှင့်ခန့်အပ်မည်၊ လစာများ တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်မည်ဟု NUG ကြေညာ

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

(CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - PS)
(CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

ရာထူးတိုးမြှင့်ခြင်းအမိန့်ကို ယနေ့မှစ၍ အကျိုးသက်ရောက်မည်၊ နေ့စားဝန်ထမ်း CDM များကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှု လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးအလွန်တွင် CDM ဝန်ထမ်းများကို ရားထူးတစ်ဆင့်တိုးမြှင့်ခန့်အပ်မည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး ယနေ့မှစ၍ ရာထူးတိုးမြှင့်ခြင်း အမိန့်အကျိုးသက်ရောက်မည်ဟု ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်းယူခဲ့စဉ်မှ စတင်ပြီး ယနေ့ထက်တိုင် အမှန်တရားနှင့်ဓမ္မဘက်မှရပ်တည်၍ ရဲဝံစွာဖြင့် CDM လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်း CDM များ အားလုံးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများ၏ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင်အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ပြီး အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခုကြေညာချက် ထုတ်ပြန်သည့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)မှစ၍ အကျိုးသက်ရောက်မည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှစတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများအားလုံးကို တော်လှန်ရေးအလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အမှန်အတိုင်းပြောရရင် ခံစားချက်တော့ သိပ်ရှိမနေဘူး။ ဘာကိုမှလည်း မမျှော်လင့်တာ။ အချိန်ကလည်း နှစ်နှစ်ဆိုတော့ ဒီနှစ်နှစ်အတွင်းမှာ ဘဝကတော်တော် ပြောင်းလဲသွားတယ်။ အစပိုင်းကတော့ မျှော်လင့်တာပေါ့။ ဘယ်ချိန်မှာများ ကိုယ့်နေရာကိုယ်ပြန်နေရမယ်ဆိုတဲ့မျှော်လင့်ချက်ပေါ့။ အထူးသဖြင့် Non တွေကို ကျနော်တို့ ဂုဏ်သိက္ခာနဲ့ပဲ ပြန်တိုက်ရမှာလေ”ဟု နိုင်ငံ့ဝန်ထမ်း CDM တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း CDM များသည် တော်လှန် ရေးကာလ နှစ်နှစ်တာအတွင်း လောကဓံအနိမ့်အမြင့် အတက်အကျများကို ရင်ဆိုင်ဖြတ်သန်းကြရပြီး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များစွာရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် CDM ပြုလုပ်ထားသော နိုင်ငံ့ဝန်ထားများတွင် ကြောက်စိတ်များရှိနေနိုင်သော်လည်း ပြည်သူများက နားလည်လက်ခံပြီး ဖေးမကူညီပေးကြရန် အထက်ပါ CDM ဝန်ထမ်းက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။