Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့သက်တမ်း ၆ လ ထပ်တိုး

နိုင်ငံရဲ့အခြေအနေဟာ သာမန်အချိန်မဟုတ်တဲ့အတွက် သက်တမ်း ၂ နှစ်ပြည့်သွားချိန် နောက်ထပ် ၆ လ ထပ်တိုးဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးက မနေ့က ဆုံးဖြတ်တာပါ။

စစ်ကောင်စီရဲ့သက်တမ်း ၆ လ ထပ်တိုး
စစ်ကောင်စီရဲ့သက်တမ်း ၆ လ ထပ်တိုး

စစ်ကောင်စီရဲ့သက်တမ်းကို နောက်ထပ် ၆ လသက်တမ်းထပ်တိုးလိုက်တယ်လို့ မနေ့ က ကျင်းပတဲ့ ကာလုံအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို ဒီနေ့ညနေပိုင်း မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံရဲ့အခြေအနေဟာ သာမန်အချိန်မဟုတ်တဲ့အတွက် သက်တမ်း ၂ နှစ်ပြည့်သွားချိန် နောက်ထပ် ၆ လ ထပ်တိုးဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးက မနေ့က ဆုံးဖြတ်တာပါ။

Public Service Announcement
Public Service Announcement

အဲဒီဆုံးဖြတ်ချက်ကိုမနေ့က အစည်းအဝေးအပြီး စစ်ကောင်စီကမကြေညာသေးဘဲ ဒီနေ့မှာမှကြေညာတာဖြစ်ပါတယ်။

နိုင်ငံရဲ့အခြေအနေသာမန်မဖြစ်တာဟာ NUG ၊ PDF တွေကြောင့်လို့စစ်ကောင်စီခေါင်းဆောင်က စွပ်စွဲထားပါတယ်။

ရွေးကောက်ပွဲကို ၂၀၂၀ မှာကျင်းပခဲ့တဲ့ မြို့နယ်အရေအတွက်ထက် မနည်းအောင် ကျင်းပမယ်လို့စစ်ကောင်စီခေါင်းဆောင်ကဆိုပါသေးတယ်။

You May Also Like

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။