Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့တွင် အသံတိတ်သပိတ် ဓာတ်ပုံရိုက်၍ဆိုကာ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

“ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချီးပန်းနေမှတော့ စစ်ကောင်စီ တပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံး၀တပ်ပျက်နေပါပြီ”ဟု Indaw Revolution က ဖော်ပြသည်။

(ယနေ့ အင်းတော်မြို့ လမ်းမတနေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)
(ယနေ့ အင်းတော်မြို့ လမ်းမတနေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့မှ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်မှ အသက် (၄၀)ကျော်အရွယ် ဦးလှအောင်သည် ယနေ့ နိုင်ငံတဝန်း၌ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ဓာတ်ပုံရိုက် သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချီးပန်းနေမှတော့ စစ်ကောင်စီ တပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံး၀တပ်ပျက်နေပါပြီ”ဟု Indaw Revolution က ဖော်ပြသည်။

ပြည်သူများအနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် စေရေးယခုထက် ပိုမိုပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ အသံတိတ်သပိတ်တွင် အင်းတော်မြို့ပေါ်ရှိ လမ်းမများ၌ တိတ်ဆိတ်နေပြီး မြို့ထဲ၌ စစ်ကောင်စီ လက်အောက်ခံရဲများ ခြေရှုပ်ခဲ့ကြောင်း၊ လမ်းဆုံ၊ လမ်းထောင့်များတွင်လည်း ကင်းပုန်းများ ရှိနေပြီးမြို့ထဲရှိ ပိတ်ထားသောစျေးဆိုင်များကို စစ်ကောင်စီက ခြိမ်းခြောက်ပြီး အတင်းဖွင့်ခိုင်းနေကြောင်း Indaw Revolutionက ဆိုသည်။ထို့ပြင် မန္တလေး – မြစ်ကြီးနား ဗျူဟာကားလမ်းတလျှောက်တွင်လည်း ကားအသွားအလာ မရှိသလောက်နည်းပါးခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။