Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ
ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့ နေ့လည်ပိုင်းအချိန်၌ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် တပ်အင်အား လာရောက်ဖြည့်ဆည်းနေကြောင်း ဘုရားသုံးဆူမြို့ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့ထံမှ သိရသည်။

သူတို့ဖက်က အဖက်ဖက်ယိုယွင်းနေပြီလေ၊ ကုန်းကြောင်းနဲ့တက်လာမရဲလို့ လေယာဉ်နဲ့ လူလာချတာပါ။ ပြောလို့တော့မရဘူးဗျ ခန့်မှန်းအင်အား (၈၀)ဝန်းကျင်ရှိမယ်၊ ခန့်မှန်းခြေပါ” ဟု ၎င်းအခြေအနေနှင့် ပတ်သက်ပြီး မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့၏ တာဝန်ခံဖြစ်သူက ပြောသည်။

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ
ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များ ရှိနေပြီး တပ်အင်အားနည်းပါးနေခြင်းကြောင့် စစ်ကောင်စီတပ်မှ ယခုလိုလာရောက်ဖြည့်ဆည်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် ဘုရားသုံးဆူမြို့၌ စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ တပ်အင်အားတိုးချဲ့လုပ်ဆောင်မှုများ လုပ်ဆောင်လာခဲ့ပါက စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ကြောင်း မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့၏ တာဝန်ခံဖြစ်သူက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ
ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ဘုရားဆူမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအား ပြီးခဲ့သည့် ဇန်နဝါရီလ(၂၃)ရက် ညပိုင်းက ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်ရှင်းလင်းမီးရှို့ခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်အမြန်လက်တွဲပြီး CDM ပြုလုပ်ကြရန် အဆိုပါပြောက်ကျားအဖွဲ့မှ တိုက်တွန်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ(၃၁)ရက်နေ့ ညပိုင်းတွင်လည်း ဘုရားသုံးဆူမြို့ နယ်စပ်အနားရှိ ချက်ပွိုင့်ဂိတ်ကို အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါချက်ပွိုင့်ဂိတ်ရှိ နယ်ခြားစောင့်တပ်(BGF) သုံးဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။