Connect with us

Hi, what are you looking for?

သတင်း

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်တွင် ပူးပေါင်းပါ ဝင်သည့် ပြည်သူများကို ဂုဏ်ပြုကြောင်းအဆို လွှတ်တော်မှတ်တမ်းတင်

ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးသို့ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတကာ ပါလီမန်များနှင့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များက မိန့် ခွန်းပြောကြားခဲ့သည်။

▪️ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးကို သုံးရက်ဆက် ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ယနေ့ ကျင်းပခဲ့ရာ ယမန်နေ့က ပြုလုပ်ခဲ့သည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်တွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ပြည်သူများကို ချီးကျူးဂုဏ်ပြုကြောင်း အဆိုကိုမှတ်တမ်းတင်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကို ဇန်နဝါရီ ၃၁ရက်မှ ယနေ့ (ဖေဖော်ဝါရီ ၂ရက်)အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယနေ့ အစည်းအဝေးတွင် ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက တင်သွင်းခဲ့သည့် ဖေဖော်ဝါရီ ၁ရက် နံနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီအထိ ပြုလုပ်ခဲ့သော Silent Strike (တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူလူထုအား ပြည်ထောင်စုလွှတ်တော်က ချီးကျူးဂုဏ်ပြုကြောင်းအဆိုကို မှတ်တမ်းတင်ခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ( CRPH)က ထုတ်ပြန်သည်။

အစည်းအဝေးတွင် ဖက်ဒရယ်ရေးရာကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာအား ကော်မတီဥက္ကဋ္ဌ ဦးလမာနော်အောင်က လွှတ် တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော် က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၏ CDM ကျောင်းသူ၊ ကျောင်းသားများ၏ အနာဂတ်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းရွှေ၏ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီသည် အရေးကြီးလိုအပ်နေပြီ ဖြစ်ပါသဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များကို မည်သို့ ထိထိရောက်ရောက် ကူညီကယ်ဆယ်လုပ်ဆောင်မည်ကို သိလိုခြင်း နှင့် စပ်လျဥ်းသည့်မေးခွန်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန များက ဖြေကြားခဲ့ကြသည်ဟု ဆိုသည်။

ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်၏ CDM ဆရာ/ဆရာမများနှင့် CDM ကျောင်းသားများ အတွက် ပညာရေးဝန်ကြီးဌာမှ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်းကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ဖြေကြားခဲ့ကြောင်း ထုတ်ပြန် သည်။

ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးသို့ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတကာ ပါလီမန်များနှင့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များက မိန့် ခွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။