Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ယနေ့ စတင်ကျင်းပ၊ မနက်ဖြန်အစည်းအဝေး ဆက်လုပ်မည်

အစည်းအဝေး ပထမနေ့အားနေ့လည် ၁နာရီတွင် ရပ်နားခဲ့ပြီး ဒုတိယနေ့ကို မနက်ဖြန် ၁၀နာရီ တွင် ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ယနေ့ စတင်ကျင်းပ
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ယနေ့ စတင်ကျင်းပ

▪️ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း လွှတ်တော်က မှတ်တမ်းတင်

▪️အမတ်များ၏ မေးမြန်းချက်အား နိုင်ငံခြားရေး၊ လူ့အခွင့်အရေးဆိုင်ရာနှင့် လူကယ်ပြန် ဝန်ကြီးဌာနများက ပြန်လည်ဖြေကြား

ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးပထမနေ့ကို ယနေ့နံနက်တွင် စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၁ရက်တွင် အစည်းအဝေး ဒုတိယနေ့ကို ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃၁ရက် နံနက် ၁၀နာရီတွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ် (၂၃၇)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ ၅၈ ဒသမ ၂၃ ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၅) ရပ် ဖြင့် ကျင်းပခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးအဖွင့်၌ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁)မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားကာ ယာယီ သမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ ၊ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှဥက္ကဋ္ဌ တို့က မိန့်ခွန်းပြောကြား ခဲ့သည် ဟုဆိုသည်။ထို့ပြင်နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဥက္ကဋ္ဌ ပေးပို့ဥည့် မိန့်ခွန်းဗီဒီယိုအား ပြသခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၇)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအာကာမျိုးထက်က “ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ် ချက် [Resolution 2669 (2022)]ကို ပြည်ထောင်စုလွှတ်တော်က ကြိုဆိုထောက်ခံကြောင်းနှင့် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်နိုင်ရန် အဆိုအား လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန်၏ “ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ နိုင်ငံတကာနှင့် သံတမန်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား သိလိုခြင်း”နှင့်ပတ်သက်သည့် မေးခွန်းအားနိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်ဦးက ဖြေကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူလွင်၏ “လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများ ခံစားနေကြရသည့် ပြည်သူများအတွက် အမှန်တရားနှင့်တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည်များကို သိလိုခြင်း” နှင့်ပတ်သက်သည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိချိုသဲ၏ “စစ်ဘေးရှောင်ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များကို သိလိုခြင်း”နှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားခဲ့သည်။

အစည်းအဝေး ပထမနေ့အားနေ့လည် ၁နာရီတွင် ရပ်နားခဲ့ပြီး ဒုတိယနေ့ကို မနက်ဖြန် ၁၀နာရီ တွင် ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာသည်။

You May Also Like

သတင်း

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးသည် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သတင်း

NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းရွှေက မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို ဘရစ္စဘိန်း၌ ပြုလုပ်မည့်အစည်းအဝေးသို့ ဖိတ်ကြားထားမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရထံ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။