Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်​ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို
စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်​ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။

အာဏာသိမ်စစ်အုပ်စုကစစ်ကောင်စီကိုဖေဖော်ဝါရီလ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ KSPPပါတီ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူ ပါဝင်လာခဲ့သည်။

ထို​နောက် ဖေဖော်ဝါရီလ(၄)ရက် နေ့စွဲဖြင့် KSPP က ထုတ်ပြန်ချက်တွင် ဒေါ်ဒွဲဘူသည် မိမိ၏ရှေ့နေလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် (၁၄ – ၇ – ၂၁၂၂)ရက်နေ့တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဋ္ဌတာဝန်မှလည်းကောင်း၊ ပါတီဝင်အဖြစ် မှလည်းကောင်း နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းအပေါ် ၂ဝ၂၂ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နှုတ်ထွက်ခွင့်ပြုပြီးဖြစ်သည်ဟုဆိုသည်။

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို
စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် အများပြည်သူများ၏ ဆန္ဒသဘောထားကို အစဉ်လေးစား တန်ဖိုးထားပြီး ပါတီ၏ လုပ်ငန်းစဉ်များကို ရိုးသားစွာဖြင့် သယ်ပိုးဆောင်ရွက်လျှက်ရှိသော ပါတီ တစ်ခုဖြစ်သည်ဟုလည်း ဆိုထားသည်။

Public Service Announcement

Public Service Announcement

ဒေါ်ဒွဲဘူကဲ့သို့ ကချင်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦး ပါဝင်လာမှုကို ကချင်လူထုအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေကြသည်။

နိုင်ငံတစ်ဝန်းအကြမ်းဖက်၍ စစ်ရာဇဝတ်မှုများကျူးလွန်​နေသည် စစ်​ကောင်စီတွင် ​ဒေါ်ဒွဲဘူပါဝင်လာသဖြင့်ကချင်တိုင်းရင်းသားများကြားတွင်​ရော ၊ပြည်သူများကြားတွင်ပါ ​ဒေါ်ဒွဲဘူကိုပြင်းထန်စွာ​​​ဝေဖန်​နေကြသည်။

“ဒေါ်ဒွဲဘူကို ယခင်က လေးစားမှုရှိခဲ့တယ်။ အခုတော့ သူ့နိုင်ငံရေးရပ်တည်ချက်က အထင်ကြီးစရာမဟုတ်တော့ဘူး”ဟု ကချင်တိုင်းရင်းသားလူငယ်တစ်ဦးကပြောသည်။

ဒေါ်ဒွဲဘူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ပြင်ဆင်ဖွဲ့စည်းလိုက်သောစစ်ကောင်စီတွင်ဒေါ်ဒွဲဘူကတစ်ဦးတည်းသောအမျိုးသမီးအဖွဲ့ဝင်ဖြစ်သည်။ဒေါ်ဒွဲဘူထံမေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။