Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင်သစ်ပင်အောက်က စစ်​ကောင်စီတပ်ကို PDFကဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က ထပ်မံသတိပေးသည်။

(စစ်​ကောင်စီတပ်ရှိ​နေ​သော သစ်ပင်​အောက်သို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်​စဥ်။Unicorn Guerrilla Force)
(စစ်​ကောင်စီတပ်ရှိ​နေ​သော သစ်ပင်​အောက်သို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်​စဥ်။Unicorn Guerrilla Force)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်သစ်ပင်အောက်၌​ခေတ္တ စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က မတ္တရာမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာလမ်းဆုံကို ကားနှစ်စီးဖြင့် လာချသွားသော အင်အား ၂၆ ဦးပါ စစ်ကောင်စီ တပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ လမ်းဆုံမှာ ကားနဲ့ချတယ်။ ​ရှေ့ပြေးနှစ်ယောက်လွှတ်ပြီး မအူပင်အောက်မှာအုပ်စုလိုက်စောင့်ဆိုင်းနေတဲ့အချိန်မှာ ဘေးနားကို ကျရောက်ပေါက်ကွဲခဲ့တာပါ။” ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။

Public Service Announcement
Public Service Announcement

နယ်မြေခံများပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်၄ ဦးပွဲချင်းပြီး သေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။

ထိခိုက်သေဆုံးသူများအား နာရေးယာဥ်နှင့် သုံးဘီးဆိုင်ကယ်များဖြင့် တင်ဆောင်သွားကြထပ်မံတိုက်ခိုက်ရန် ကြိုးစားသော်လည်း အနီးနားက မိသားစု နှစ်စုကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းစစ်အုပ်စုထိခိုက်သေဆုံးမှုအ​ရေအတွက်မှာနယ်မြေခံ၏ ပြောကြားချက်ဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။ အသုံးပြုခဲ့​သော ဗုံးသီးမှာ PDF များထုတ်လုပ်ထား​သော လက်လုပ်ဗုံးသီးဖြစ်ပြီး ၊ဗုံးသီးတစ်လုံးမှာ သစ်ပင်နားသို့ အနီးကပ်ကျ​ရောက်​ပေါက်ကွဲသည်ကို ရုပ်သံဖိုင်တွင်​တွေ့ရသည်။

စစ်​ကောင်စီတပ်ထိခိုက်သေဆုံးမှုကို People’s Spring ကလည်းသိးခြားအတည်မပြုနိုင်​သေးပါ။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က ထပ်မံသတိပေးသည်။

You May Also Like

သတင်း

(၄၀)မမ ကို ကယန်းဘာသာဖြင့်(Boung Khu)၊ မြန်မာ ဘာသာဖြင့်(ငှက်ပျောဖူး)အစရှိ၍ အမည်ပေးထားပြီး ဗုံးသီးတစ်လုံး၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ငါးသောင်း ရှိမည်ဟု ဆိုသည်။

နိုင်ငံတကာ

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

RPGအပါအဝင် လက်နက်ငယ်များဖြင့် ချိန်ပြီး စစ်ကောင်စီရဲများ နေရာယူထားသည့် ဂိတ်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရဲများရှိသည့်နေရာသို့ မေးမြန်းဝင်ရောက်ရာ ဂိတ်ရှိ ရဲများက ခုခံပစ်ခတ်ခြင်းမပြုဘဲ အသာတကြည်ပင် ကော်ဘရာစစ်သည်များထံ လက်နက်အပ်နှံခဲ့သည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။