Connect with us

Hi, what are you looking for?

သတင်း

ရေတွင်းထဲ ၁၈ နာရီကြာ ပိတ်မိနေတဲ့မြန်မာကလေးငယ်ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်

၁နှစ်နဲ့၇ လသားကလေးငယ်ကို ထိခိုက်ဒဏ်ရာမရစေဘဲ ဘေးကင်းကင်း ကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ ၁၈ နာရီကြာ ကြိုးပမ်းခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကဆိုပါတယ်။

ဓာတ်ပုံ − Fire & Rescue Thailand
ဓာတ်ပုံ − Fire & Rescue Thailand

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင် ၊ ဖုပ်ဖရာ့ ဒေသမှာ ပေ ၄၀ ကျော်နက်တဲ့ မြေအောက်ရေတွင်းထဲ ပြုတ်ကျသွားတဲ့မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုရဲ့ကလေးငယ်ကို ဒီနေ့မနက်ပိုင်းဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီလို့ ထိုင်းမီဒီယာတွေမှာဖော်ပြပါတယ်။

၁နှစ်နဲ့၇ လသားကလေးငယ်ကို ထိခိုက်ဒဏ်ရာမရစေဘဲ ဘေးကင်းကင်း ကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ ၁၈ နာရီကြာ ကြိုးပမ်းခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မြေပြင်ပေါ် ကလေးငယ်ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တာပါ။

ပီလောပီနံ စိုက်ခင်းမှာလုပ်ကိုင်တဲ့မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုရဲ့ အသက် ၁ နှစ် ၇ အရွယ်ကလေးငယ်ဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှာ ဆော့ကစားနေရင်း မြေအောက်ရေတွင်းထဲပြုတ်ကျသွားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီရေတွင်းဟာ ၁ပေနီးပါးသာအဝ ကျယ်ဝန်းတာကြောင့် ကလေးငယ် ဘေးကင်းအသက်ရှင်နိုင်ဖို့ မြေတူးစက်တွေနဲ့ တူးဖော်ပြီး ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတယ်လိုသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။