Connect with us

Hi, what are you looking for?

သတင်း

သန်လျင် အောင်ချမ်းသာရပ်ကွက်တွဲဘက်ဥက္ကဌ ရှင်းလင်းခံရ

ယနေ့(ဖေဖော်ဝါရီ ၇ရက်)ည ၁၁နာရီခန့်က ပြည်သူ့ စစ်ခေါင်းဆောင် မြင့်နိုင်ကို ၎င်း၏ နေအိမ်အတွင်း ၌ပင် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

(ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းမြင့်နိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - Thanlyin Channel)
(ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းမြင့်နိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - Thanlyin Channel)

ရန်ကုန်မြို့ သန်လျင်မြို့နယ်၊အောင်ချမ်းသာ ရပ် ကွက်၊တွဲဘက်ဥက္ကဌ ၊ရပ်/ကျေး ပြည်သူစစ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် စစ်ကောင်စီ​၏ တပ်ကြပ်ကြီးဟောင်း မြင့်နိုင်ဆိုသူအား ရှင်းလင်းခဲ့ကြောင်း သန်လျင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၇ရက်)ည ၁၁နာရီခန့်က ပြည်သူ့ စစ်ခေါင်းဆောင် မြင့်နိုင်ကို ၎င်း၏ နေအိမ်အတွင်း ၌ပင် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

တပ်ကြပ်ကြီးဟောင်း မြင့်နိုင်သည် ပြည်သူများအပေါ် အနိုင်ကျင့်ဖမ်ဆီးခြင်း၊ပြည်သူပိုင်အိုးအိမ်များကို အဓမ္မသိမ်းယူခြင်း၊CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊မြေယာကိစ္စများတွင်လည်း မလျော် အာဏာသုံးခြင်းနှင့် ရပ်ကွက်ရှိ လူငယ် များကိုလည်း (PDF)ဟု နာမည်တပ်ဖမ်းဆီးမှု များကို ဆောင်ရွက်ခဲ့ကြောင်း သန်လျင်(ပကဖ) က အသိပေးသည်။

“မြင့်နိုင်ဆိုတဲ့ ဟိုအကောင်ကတွေနဲ့ အမြဲနေတာ။သူ့ကို ပစ်မှတ်ထားစောင့်ကြည့်တာကြာပြီဗျ ။ ကျွန်တော်တို့ရဲဘော်တွေ တိုက်ခိုက်ခဲ့တာပါ။ ရဲဘော်အားလုံး ဘေးကင်လုံခြုံတဲ့ နေရာရောက်ပါပြီ”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့၌ ယခုလပိုင်းအတွင်း စစ်ကောင်စီ တပ်သားဟောင်းများနှင့် စစ်ကောင်စီထောက်တိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဆက်တိုက် ပစ်ခတ် ရှင်းလင်းခံရမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလု မျက်နှာကိုဓားနဲ့ထိုးခံရတဲ့ ဖြစ်စဉ် ဒီကနေ့မနက်စောမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ​တချို့က ပြောပါတယ်။