Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင် အောင်ချမ်းသာရပ်ကွက်တွဲဘက်ဥက္ကဌ ရှင်းလင်းခံရ

ယနေ့(ဖေဖော်ဝါရီ ၇ရက်)ည ၁၁နာရီခန့်က ပြည်သူ့ စစ်ခေါင်းဆောင် မြင့်နိုင်ကို ၎င်း၏ နေအိမ်အတွင်း ၌ပင် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

(ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းမြင့်နိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - Thanlyin Channel)
(ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းမြင့်နိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - Thanlyin Channel)

ရန်ကုန်မြို့ သန်လျင်မြို့နယ်၊အောင်ချမ်းသာ ရပ် ကွက်၊တွဲဘက်ဥက္ကဌ ၊ရပ်/ကျေး ပြည်သူစစ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် စစ်ကောင်စီ​၏ တပ်ကြပ်ကြီးဟောင်း မြင့်နိုင်ဆိုသူအား ရှင်းလင်းခဲ့ကြောင်း သန်လျင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၇ရက်)ည ၁၁နာရီခန့်က ပြည်သူ့ စစ်ခေါင်းဆောင် မြင့်နိုင်ကို ၎င်း၏ နေအိမ်အတွင်း ၌ပင် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

တပ်ကြပ်ကြီးဟောင်း မြင့်နိုင်သည် ပြည်သူများအပေါ် အနိုင်ကျင့်ဖမ်ဆီးခြင်း၊ပြည်သူပိုင်အိုးအိမ်များကို အဓမ္မသိမ်းယူခြင်း၊CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊မြေယာကိစ္စများတွင်လည်း မလျော် အာဏာသုံးခြင်းနှင့် ရပ်ကွက်ရှိ လူငယ် များကိုလည်း (PDF)ဟု နာမည်တပ်ဖမ်းဆီးမှု များကို ဆောင်ရွက်ခဲ့ကြောင်း သန်လျင်(ပကဖ) က အသိပေးသည်။

“ မြင့်နိုင်ဆိုတဲ့ ဟိုအကောင်ကတွေနဲ့ အမြဲနေတာ။သူ့ကို ပစ်မှတ်ထားစောင့်ကြည့်တာကြာပြီဗျ ။ ကျွန်တော်တို့ရဲဘော်တွေ တိုက်ခိုက်ခဲ့တာပါ။ ရဲဘော်အားလုံး ဘေးကင်လုံခြုံတဲ့ နေရာရောက်ပါပြီ” ဟု ပကဖ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့၌ ယခုလပိုင်းအတွင်း စစ်ကောင်စီ တပ်သားဟောင်းများနှင့် စစ်ကောင်စီထောက်တိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဆက်တိုက် ပစ်ခတ် ရှင်းလင်းခံရမှုများရှိခဲ့သည်။

You May Also Like

သတင်း

"မကြာခင်ကမှ အုပ်ချုပ်ရေးမှုး ခန့်ထားတာ။ အင်ဖျားနဲ့ လိန်ကုန်းရွာကြားက နတ်စင်နားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာ။"ဟု မတ်လ ၂၂ ရက် ညနေ၆ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေး နှင့်ပတ်သက်၍ ပြောသည်။

သတင်း

မတ်လ ၁၂ရက် နံနက်မှာ နဂါးစေတီတောင်သို့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားရာ နေ့လည်ပိုင်း၌ KNDF နှင့် ပအိုဝ်းတပ် PNDF အပါအဝင် ကာကွယ်ရေးတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုသည်။

သတင်း

စောအယ်ခွီးနှင့် ၎င်းနောက်ကွယ်၌ရှိသည့် အုပ်စုများသည် ရည်ရွယ်ချက်ရှိရှိဖြင့် KNLA ၄အား အမျိုးမျိုး စွပ်စွဲ တိုက်ခိုက်သော်လည်း တပ်မဟာ(၄)ဘက်က မည်သည့်အခါမှ ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ဟုဆိုသည်။

သတင်း

ယနေ့(ဇန်နဝါရီ ၂၇ ရက်) နေ့လည် ၃နာရီခွဲခန့်က ရေးမြို့ဝယ်ဇင် ဝယ်ပေါင် ရွာဟောင်းအနီးရှင်းလင်းခဲ့ပြီး ပစ္စတိုနှစ်လက်သိမ်းဆည်းရမိကြောင်း ၎င်းက ဆိုသည်။