မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ယာပြင်စစ်ဆေးရေးဂိတ်ကို လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း မကွေးခရိုင် PDFတပ်ရင်း (၂)က ပြောသည်။
ရေနံချောင်းမြို့ မြို့ရှောင်လမ်းရှိ စစ်ကောင်စီလက် အောက်ခံယာပြင်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (ဖေ ဖော်ဝါရီ ၉)ည ၉နာရီခွဲက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ် ချိန် ၁၅ မိနစ်ကြာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“မနေ့ ၈ ရက်နေ့ည ၉ ခွဲဝန်းကျင်မှ ၁၀ နာရီဝန်းကျင်လောက်ထိ သွားရောက်ပစ်ခတ်ခဲ့တာပါ”ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးသွားပြီး မဟာမိတ်ရဲဘော် များ အထိအခိုက်မရှိဘဲ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တပ်ရင်း(၂)တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
ယင်းပစ်ခတ်တိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း (၂)နှင့်အတူ တပ်ရင်း (၁)၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PDF Yenangyaung(ရေနံချောင်းတပ်ခွဲ)၊ Yenangyaung Local People’s Defence Force(ဖေကံကောင်းအဖွဲ့)စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

















































