Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ထောက်ပို့သင်္ဘောကိုPDFများတိုက်ခိုက်သိမ်းပိုက်

“ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

(စစ်တပ်၏ ​ထောက်ပို့သင်္ဘော​ပေါ်မှ လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် စားနပ်ရိက္ခာများကို PDF များကအပြီးသတ်သယ်ယူပြီး​နောက် ​မြင်​တွေ့ရမှု ။ဓါတ်ပုံ-KLG-PDF)
(စစ်တပ်၏ ​ထောက်ပို့သင်္ဘော​ပေါ်မှ လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် စားနပ်ရိက္ခာများကို PDF များကအပြီးသတ်သယ်ယူပြီး​နောက် ​မြင်​တွေ့ရမှု ။ဓါတ်ပုံ-KLG-PDF)

▪︎တိုက်ပွဲတွင်စစ်သား ၂၀ ထက်မနည်းသေဆုံးဟုဆို

▪︎​သင်္ဘောပေါ်မှလက်နက်ခဲယမ်းများ၊စက်သုံးဆီ​ပေပါ ၃၀၀၀ ​ကျော်နှင့်စားနပ်ရိက္ခာများကို PDFများသိမ်းဆည်း

ကနီမြို့နယ်တွင်စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောတစ်စီးကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ပြီး ရေယာဉ်ပေါ်မှ စက်သုံးဆီပေပါ၃၀၀၀ ကျော်နှင့် လက်နက်ခဲယမ်းများ၊ စာသုံးကုန်များကို ယူဆောင်နိုင်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

“ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်ည ၇ နာရီအချိန်ခန့်တွင် ကနီမြို့နယ် သပြေတောရွာအနီးတွင် သောင်တင်နေစဥ်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ချက်ချင်းမထုတ်ပြန်ခဲ့ဘဲ ရေယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ၊ စက်သုံးဆီပေပါများ၊ဆန်များ ၊ဆီများနှင့်စားသုံးကုန်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကိုးရက်ကြာအောင် သယ်ယူခဲ့ကြသည်။ ဇန်နဝါရီ ၃၁ရက်မှ ဖေဖော်ဝါရီ ၈ရက်အထိ သယ်ယူခဲ့ကြပြီး ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)မှ တရားဝင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

” ခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ သယ်ယူခဲ့ကြတယ်” ဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရေယာဉ်သည် အလျားပေ ၂၀၀ခန့်၊ အနံ ပေ ၅၀ခန့်ရှိသော ကုန်တင်ရေ‌ယာဉ်ဖြစ်ပြီး ဇန်နဝါရီ ၃၁ရက်တိုက်ပွဲတွင်စစ်တပ်က အထိနာပြီးနောက် စွန့်ခွာထွက်​ပြေးသွားပြီးသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

“ရေယာဉ်ကို သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ထက်မနည်းသေတယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်။ဒီထက် အသေးစိတ်တော့ မပြောနိုင်သေးပါဘူး”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ ရေယာဉ်ကို ကနီမြို့နယ် သပြေတောနှင့်ရွှေအုန်းပင်ကြား ချင်းတွင်းမြစ်တနေရာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ရက်မှစကာ အဆိုပါကျေးရွာနှစ်ရွာကို စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

အဆိုစစ်ဆင်​ရေးကို ကျောက်လုံးကြီး KLG PDF၊နဂါးညီနောင်အဖွဲ့၊Alphaအဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ယင်းမာပင် PDA၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ချိုမိုင်မိုင်အဖွဲ့၊မြောက်ယမားအဖွဲ့၊ခရိုင်း ရင်း1၊ ခရိုင်း ရင်း 2၊နှင့် ကနီ ယင်းမာပင် ဆားလင်းကြီးမဟာမိတ်ညီနောင်များအဖွဲ့တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။