Connect with us

Hi, what are you looking for?

သတင်း

ရှမ်း နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း PDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

ရှမ်း နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်နေ
ရှမ်း နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ် ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေကြား တိုက်ပွဲ ဖြစ်နေပြီး စစ်ကောင်စီလေတပ်က လာရောက်ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။

တိုက်ပွဲဟာ ဒီနေ့မနက်ပိုင်း ၆ နာရီဝန်းကျင်က နောင်ချို့မြို့နယ် ၊ဒိုးပင်ကျေးရွာအုပ်စုထဲက လုံခန်ရွာမှာ ဖြစ်ပွားခဲ့တာပါ။

” တိုက်ပွဲဖြစ်လို့ရွာသူ၊သားတွေအကုန်လုံးထွက်ပြေးရတာတွေရှိတယ်” လို့ဒိုးပင်ကျေးရွာ မှာ နေထိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဟာ မန္တလေး PDF လှုပ်ရှားရာ နယ်မြေထဲ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲဖြစ်တာလို့ မန္တလေး PDFဘက်က သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ရှမ်းပြည်နယ်နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း PDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

နောင်ချို့မြို့နယ်ဟာ မန္တလေးတိုင်းထဲက ပြင်ဦးလွင် ၊သပိတ်ကျင်း ၊မိုးကုတ် ၊ကျောက်ဆည်တို့ နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။