Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်

ဒီဖြစ်ရပ်မှာ အိန္ဒိယဘက်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှုမလုပ်သလို လေပိုင်နက် ကျုးကျော်ခံရတာမျိုးမရှိတဲ့အပြင် ပိုက်နက်နယ်မြေထဲ ဗုံးကျတာမရှိဘူးလို့ တုံ့ပြန်ခဲ့တာရှိခဲ့ပါတယ်။

အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်
အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်ဟာ အိန္ဒိယဗဟိုအစိုးရ ကန့်ကွက်လို့ ဖျက်သိမ်းလိုက်ရပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့်နဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ကူညီပေးတဲ့ မီဇိုရမ် အစိုးရ အပါအဝင် အဖွဲ့အစည်းအသီးသီးကိုကျေးဇူးတင်ကြောင်းပြသတဲ့ အသံတိတ်သပိတ်လမ်းလျှောက်ဆန္ဒ ပွဲ ဖျက်သိမ်းခဲ့ရတာလို့ ဒီမိုကရေစီလှုပ်ရှားတဲ့ India For Myanmar အဖွဲ့က ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ ရပ်တည်ချက် နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအတွင်း အိန္ဒိယ − မြန်မာ နယ်စပ် က မြန်မာဘက်ခြမ်းမှာရှိတဲ့ ချင်အမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့ ဖြစ်စဉ်မှာဆို အိန္ဒိယ လေပိုင်နက်ထဲ တိုက်လေယာဉ်တွေ ကျုးကျော်ပျံသန်းသလို အိန္ဒိယဘက်ခြမ်းထဲ ဗုံးကျတာတွေရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေကဆိုကြပါတယ်။

ဒီဖြစ်ရပ်မှာ အိန္ဒိယဘက်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှုမလုပ်သလို လေပိုင်နက် ကျုးကျော်ခံရတာမျိုးမရှိတဲ့အပြင် ပိုက်နက်နယ်မြေထဲ ဗုံးကျတာမရှိဘူးလို့ တုံ့ပြန်ခဲ့တာရှိခဲ့ပါတယ်။

NUG အစိုးရက အိန္ဒိယအနေနဲ့ မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ် နားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပြီး အိန္ဒိယရဲ့ဒီမိုကရေစီ အလင်းရောင် မြန်မာနိုင်ငံပေါ် ကျရောက်စေဖို့ သတင်းစကားပါးထားတာရှိပါတယ်။

You May Also Like

သတင်း

မနေ့ တနင်္လာနေ့ က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ပြောလိုက်တာပါ။

သတင်း

အာဆီယံသည် မြန်မာ့အရေးကို အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေကြောင်း မလေးရှားလွှတ်တော်သို့ အထက်ပါဝန်ကြီးက ဖြေကြားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သတင်း

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

သတင်း

အာသံရိုင်ဖယ်တပ်သည် အိန္ဒိယ ဗဟိုအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်ပြီး စစ်ရေးကွပ်ကဲမှုကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူထားခြင်းဖြစ်သည်။