Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗိုလ်ချုပ်မွေးနေ့အဖြစ် ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား စီးနင်းတိုက်ခိုက်

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့၌ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်တွင်ရှိသည့် ငြိမ်းဇာနည်တပ်စခန်းကို ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MBT တပ်ဖွဲ့က ပြောသည်။

Myingyan Black Tiger(MBT)တပ်ဖွဲ့မှ ရဲဘော်များ စစ်ကြောင်းထွက်နေစဥ်၊ ဓာတ်ပုံ - MBT
Myingyan Black Tiger(MBT)တပ်ဖွဲ့မှ ရဲဘော်များ စစ်ကြောင်းထွက်နေစဥ်၊ ဓာတ်ပုံ - MBT

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဂုဏ်ပြုသည်ဆိုကာ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့၌ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်တွင်ရှိသည့် ငြိမ်းဇာနည်တပ်စခန်းကို ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MBT တပ်ဖွဲ့က ပြောသည်။

“စခန်းသိမ်းဖို့ သွားခဲ့တာပါ။ ကျည်အင်အား နည်းပါးတာရယ်၊ ရန်သူ့တပ်ကူ လာတာ မြန်လို့ရယ် မသိမ်းနိုင်ခဲ့ဘူးဗျ”ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring ကို ပြောသည်။

ငြိမ်းဇာနည်တပ်စခန်း ဝင်စီးချိန် စခန်းအတွင်း၌ စစ်ကောင်စီတပ်သား အင်အား (၁၅)ခန့်ရှိနေပြီး တိုက်ခိုက်မှုအတွင်း အများစုသေဆုံးကာ စက်လတ်သမားတစ်ဦးသာကျန်ရှိကြောင်း MBT တပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းကိုသိမ်းရန်လုပ်ဆောင်ခဲ့သော်လည်း လွတ်နေသည့်လမ်းကြားတစ်ခုမှ ရန်သူ့တပ်ကူ အင်အား (၁၀၀)ခန့်ရောက်ရှိလာသောကြောင့် အမြန်ပြန်ဆုတ်ပြီး မြစ်ကြောင်းဖြင့်တပ်ဆုတ်လာချိန် ရန်သူ့တပ်က မြစ်ကြောင်းအထိ လိုက်လံပစ်ခတ်သောကြောင့် အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း MBTတပ်ဖွဲ့က ရှင်းပြသည်။

ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်း စီးနင်းတိုက်ခိုက်မှုတွင် ရန်သူ့တပ်သား (၁၅)ဦးခန့်သေဆုံးနိုင်ပြီး အလောင်းများကို ဖြူစင်ပရဟိတအသင်းကားဖြင့် သုံးခေါက်ခွဲသယ်ယူသွားသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

အဆိုပါ တပ်စခန်းစီးနင်းမှုကို Myingyan Black Tiger (MBT)မှ ဦးဆောင်ပြီး မုံရွာခရိုင် တပ် ရင်း(၁၂)တပ်ခွဲ(၄)မီးတောက်တပ်ခွဲ ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ Banana UG ၊ ခွပ်ဒေါင်းနီပြောက်ကျားတပ်နှင့် VOMDY- front warrior စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနေ့ကကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဂုဏ်ပြုသည့်အနေဖြင့် တော်လှန်ရေးအင်အားစုများက ရဟန်းရှင်၊လူ၊ကျောင်းသား၊ပြည်သူများက နိုင်ငံတစ်ဝမ်း ပုံစံမျိုးစုံဖြင့် အထိမ်းအမှတ်ပွဲများပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။