Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ ယာဥ်တန်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရ၊ ၁၅ ဦးထက်မနည်းသေဟု MBTTအဖွဲ့ပြော

အဆိုပါ တိုက်ခိုက်မှုများအား ဗိုလ်တောက် ထွန်း(MBTT)၊ မြောင်မြို့နယ်(ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညိုအဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(MBTT တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBTT)
(MBTT တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBTT)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်တပ်၊ ရဲနှင့်ပျူစောထီးများ လိုက်ပါလာသော ယာဥ်တန်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ဗိုလ်‌တောက်ထွန်း (MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၂ရက်) နံနက် ၈နာရီ ၁၀ မိနစ်ခန့်က နတ်ရေကန်ကျေးရွာနှင့် ရေပိုးစား ကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူများ၊ ၎င်းတို့၏ မိသားစုဝင်များ လိုက်ပါလာသော ကားနှစ်စီးနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်များနှင့် ပူးပေါင်းကာ ပဒေသာမိုင်း ၁၃ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်‌တောက်ထွန်း(MBTT) အထူးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ ညနေ ၃နာရီ ၄၅မိနစ်ခန့်ကလည်း မုံရွာ-မန္တလေးလမ်းမပေါ်၊ မုံရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ ၁၅ စီးပါယာဥ်တန်းအား ရေပိုးစားကျေးရွာအနီး၌ ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း ဗိုလ်‌တောက်ထွန်း(MBTT) အထူးတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ် နှစ်ခုလုံးတွင် စစ်တပ်၊ ရဲ၊ နှင့် ပျူအဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီးပြင်းထန်ဒဏ်ရာရသူအများအပြားရှိသည်ဟု MBTTအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ဗိုလ်တောက် ထွန်း(MBTT)၊ မြောင်မြို့နယ်(ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညိုအဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MBTTအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်တလောထုတ်ပြန်ထားမှုအရ ယမန်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းများနှင့် ကင်းပုန်းများ ခြောက်ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။