Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် ကသာမြို့နယ်အတွင်းရှိ ရွာ​လေးရွာမှအိမ်​ခြေ ၅၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီး

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။

(အင်းကြီးရွာမီး​လောင်ကျွမ်း​နေသည်ကိုမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)
(အင်းကြီးရွာမီး​လောင်ကျွမ်း​နေသည်ကိုမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)

ကသာမြို့နယ် အင်းကြီးအုပ်စုအတွင်းရှိရွာ​လေးရွာကိုစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေရာ ​လေးရက်အတွင်း​နေအိမ်​ ၅၀၀ ​ကျော်မီး​လောင်ဖျက်ဆီးခံထားရ​ကြောင်းကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။

“ငအိုး(ကသာနှင့်ထိစပ်ဒေသ)တပ်ထဲနေကသာနယ်ထဲကို ဝင်လာတာ။ ကသာနယ်ထဲရောက်တော့နှစ်ဖွဲ့ကွဲပြီး ထီးချိုင့်ဖက်ဘက်ကို တစ်ဖွဲ့ဝင်တယ်။ ကသာနယ်ထဲကို တစ်ဖွဲ့၀င်လာပြီးမီးရှို့နေတာ”ဟုကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်ကအင်းကြီကျေးရွာအုပ်စုအတွင်းရှိအင်းကြီး၊ လှေဘို၊ ဘုရားတောင်နှင့်မယ်ငိုကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးနေခြင်းပြီး ဖေဖော်ဝါရီ ၁၁ရက်မှ ဖေဖော်ဝါရီ ၁၄ရက်နံနက်အထိ နေအိမ် ငါးရာကျော် မီးလောင်ထားကြောင်းအင်းကြီးကျေးရွာဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရွာတွေကို မီးတိုက်ရှို့လာတာ။ အချို့ရွာ‌တွေဖုန်းလိုင်းလုံးဝမရတော့လို့ ဘာသတင်းမှ မကြားခဲ့ရတာ။ အဲ့ဒီစစ်ကြောင်း အင်းကြီးကိုရောက်မှ သိရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

ယ​နေ့(​ဖေ​ဖော်ဝါရီ ၁၄) နံနက်ပိုင်းအထိစစ်​ကောင်စီတပ်ကစစ်​ကြောင်းထိုးမီးရှို့ဖျက်ဆီး​နေဆဲဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်သည်လေဘိုရွာမှအော်ရီဒူးဖုန်းတာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလလယ်ကကသာမြို့နယ်တိုက်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာအရာရှိအပါအဝင်​သေဆုံးဒဏ်ရာရရှိသူများစွာဖြင့်စစ်ကောင်စီဘက်က အထိနာခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်ကတိုက်ကုန်းကျေးရွာအနီးမှမိုတားလေးကျေးရွာကိုဇန်နဝါရီလ ၁၈ ရက်ည​နေတွင်လေကြောင်းမှသွား​ရောက်ဗုံးကျဲခဲ့၍ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။