Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် ကသာမြို့နယ်မှရွာနှစ်ရွာကိုဗုံးကျဲ၍ ပြည်သူ ၇ ဦး​သေ ၊ ၃၀ ထက်မနည်းဒဏ်ရာရ

ဇန်နဝါရီလ ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတိုက်လေယာဥ် သုံးစင်းသည် မိုးတားလေးရွာသို့ စတင်တိုက်ခိုက်ပြီး တစ်ဆက်တည်းတွင်တိုက်ကုန်းကျေးရွာကိုပါ တိုက်ခိုက်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(စစ်​ကောင်စီ ဗုံကျဲတိုက်ခိုက်မှု​ကြောင့် မိုးတာလေးကျေးရွာနှင့်တိုက်ကုန်းကျေးရွာရှိ​နေအိမ်များပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဗုံကျဲတိုက်ခိုက်မှု​ကြောင့် မိုးတာလေးကျေးရွာနှင့်တိုက်ကုန်းကျေးရွာရှိ​နေအိမ်များပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့်တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယ​နေ့ည​နေပိုင်းက ဗုံးကြဲရာ ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်းဒဏ်ရာခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

ဇန်နဝါရီလ ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတိုက်လေယာဥ် သုံးစင်းသည် မိုးတားလေးရွာသို့ စတင်တိုက်ခိုက်ပြီး တစ်ဆက်တည်းတွင်တိုက်ကုန်းကျေးရွာကိုပါ တိုက်ခိုက်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

” မိုးတားလေးကို ပေါင် ၅၀ဝ ဗုံးကြဲသွားတာ။ ဒီညနေအထိ အရပ်သား၇ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရတယ်။ အရပ်သားနေအိမ်တွေပေါ် တမင်ပစ်ချသွားတာ”ဟု အဆိုပါရဲဘော်ကပြောသည်။

စစ်ကောင်စီတိုက်လေယာဥ် သုံးစီးစလုံးသည် မြစ်ကြီးနားလေဆိပ်မှ တက်လာပြီး ကသာကို တိုက်ခိုက်သွားခြင်ဟု စစ်ကောင်စီလေကြောင်းသတင်းများကို ထုတ်ပြန်ပေးနေသည် ဝေဟင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၏ admin တစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ ဗုံကျဲတိုက်ခိုက်မှု​ကြောင့် မိုးတာလေးကျေးရွာနှင့်တိုက်ကုန်းကျေးရွာရှိ​နေအိမ်များပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဗုံကျဲတိုက်ခိုက်မှု​ကြောင့် မိုးတာလေးကျေးရွာနှင့်တိုက်ကုန်းကျေးရွာရှိ​နေအိမ်များပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် ယနေ့ နံနက်ပိုင်းတွင် မိုးတာလေးကျေးရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ နံနက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် ညနေပိုင်းတွင် ရွာများကိုလေကြောင်းမှ သွား​ရောက်ဗုံးကျဲခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်