Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်နှင့်မူဆယ်ဒေသတစ်ဝိုက် တိုက်ပွဲပြန်ဖြစ်နေပြီးစစ်တပ်က လေကြောင်းကပါ တိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

ကွတ်ခိုင်နှင့်မူဆယ်‌ဒေသတစ်ဝိုက် တိုက်ပွဲပြန်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကပါ တိုက်နေ
ကွတ်ခိုင်နှင့်မူဆယ်‌ဒေသတစ်ဝိုက် တိုက်ပွဲပြန်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကပါ တိုက်နေ

ကွတ်ခိုင်နှင့် မူဆယ်ဒေသတွင်တိုက်ပွဲပြန်ဖြစ်ပွားနေပြီးစစ်တပ်ဘက်က လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက်က တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာလေယာဉ်တစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတစ်၀ိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များအရ သိရကြောင်း KIA သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားသည့် KIA အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ကစ၍ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာသောကြောင့် KIA တပ်ဖွဲ့မှ ခုခံရာမှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ ​ကြားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် KIA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် (၅)ရက် ရှိနေပြီဖြစ်ပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများစွာရှိနေခြင်းကြောင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

အဆိုပါဒေသအတွင်း၌ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်ဆည်းပြီး ထိုးစစ်ဆင်နေဆဲဖြစ်နေသောကြောင့် တိုက်ပွဲသည် ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။