Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်နှင့်မူဆယ်ဒေသတစ်ဝိုက် တိုက်ပွဲပြန်ဖြစ်နေပြီးစစ်တပ်က လေကြောင်းကပါ တိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

ကွတ်ခိုင်နှင့်မူဆယ်‌ဒေသတစ်ဝိုက် တိုက်ပွဲပြန်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကပါ တိုက်နေ
ကွတ်ခိုင်နှင့်မူဆယ်‌ဒေသတစ်ဝိုက် တိုက်ပွဲပြန်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကပါ တိုက်နေ

ကွတ်ခိုင်နှင့် မူဆယ်ဒေသတွင်တိုက်ပွဲပြန်ဖြစ်ပွားနေပြီးစစ်တပ်ဘက်က လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက်က တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာလေယာဉ်တစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတစ်၀ိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များအရ သိရကြောင်း KIA သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားသည့် KIA အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ကစ၍ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာသောကြောင့် KIA တပ်ဖွဲ့မှ ခုခံရာမှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ ​ကြားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် KIA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် (၅)ရက် ရှိနေပြီဖြစ်ပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများစွာရှိနေခြင်းကြောင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

အဆိုပါဒေသအတွင်း၌ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်ဆည်းပြီး ထိုးစစ်ဆင်နေဆဲဖြစ်နေသောကြောင့် တိုက်ပွဲသည် ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။